နှုတ်ခမ်းသားလေးကို ပန်းရောင်သမ်းသွားစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းတချို့

17-6-2021-yyl-17.jpg

မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် နှုတ်ခမ်းမဲတာကို မလိုချင်ကြဘူးထင်ပါတယ်။ နှုတ်ခမ်းသားပန်းရောင်သမ်းဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်းကို ရှာဖွေနေကြတာပါ။ တချို့တွေက နှုတ်ခမ်းသားပန်းရောင်သမ်းဖို့အတွက် အလှပြင်ဆိုင်တွေမှာ ဈေးအများကြီးပေးပြီး လုပ်ကြရပါတယ်။ ငွေအကုန်အကျခံစရာမလိုဘဲ နှုတ်ခမ်းသားပန်းရောင်သမ်းချင်ရင်လည်း နည်းလမ်းတချို့ရှိပါတယ်။ ဒါပေမဲ့ အချိန်တော့ပေးပြီး လုပ်ရပါလိမ့်မယ်။ အိမ်တွင်းနည်းလမ်းတချို့နဲ့ ကိုယ်ကိုယ်တိုင် အိမ်မှာလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ နှုတ်ခမ်းသားပန်းရောင်သမ်းစေမယ့် အိမ်တွင်းနည်းလမ်းတချို့ကတော့

အုန်းဆီနဲ့ ပျားရည်နှုတ်ခမ်းသားscrub လုပ်နည်း

နှုတ်ခမ်းသားပန်းရောင်သမ်းချင်ရင်တော့ ပျားရည်စစ်စစ်၊ အုန်းဆီ၊ အညိုရောင်သကြားတို့ကို စားပွဲတင်ဇွန်း (၁) ဇွန်းစီယူပြီး အဲဒီပါဝင်ပစ္စည်းတွေကို သမအောင်ရောနှောလိုက်ရုံပါပဲ။ ပြီးရင် အဲဒီအရောအနှောကို နှုတ်ခမ်းသားပေါ်မှာ စက္ကန့်အနည်းငယ်လောက် ညင်သာစွာပွတ်ပေးပါ။ အဲဒီနောက် ရေဆေးချလိုက်ရုံပါပဲ။ တစ်ခါလုပ်ရုံနဲ့ နှုတ်ခမ်းသားပန်းရောင်သမ်းသွားမှာတော့ မဟုတ်ပါဘူး။ တစ်ပတ်ကို (၂) ကြိမ်လောက် နှုတ်ခမ်းသားကို scrub လုပ်ပေးနိုင်ပါတယ်။

ကော်ဖီနဲ့ နှုတ်ခမ်းသား scrub လုပ်နည်း

ကော်ဖီမှုန့်နဲ့ ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းစီကို ယူပြီး ရောစပ်လိုက်ပါ။ ပြီးရင် သင့်နှုတ်ခမ်းသားမှာ လိမ်းပြီး (၂) မိိနစ်လောက် ညင်သာစွာ ပွတ်တိုက်နှိပ်နယ်ပေးပါ။ အဲဒီနောက် နှုတ်ခမ်းသားကို သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

နှင်းဆီပွင့်ဖတ် နဲ့ scrub လုပ်နည်း

နှင်းဆီပွင့်ဖတ်အနည်းငယ်ကို ယူပြီး နွားနို့ခွက်တစ်ဝက်လောက်နဲ့ ပွင့်ဖတ်တွေ ကြေမွသွားတဲ့အထိ ကြိတ်ပေးပါ။ အဲဒီနှစ်ခုရောနှောသွားရင် နှုတ်ခမ်းသားပေါ် လိမ်းလိုက်ပြီး ခြောက်သွားတဲ့အထိ ထားလိုက်ပါ။ ခြောက်သွားဆိုမှ ရေနဲ့ သန့်စင်ပေးလိုက်ရုံပါပဲ။

သံလွင်ဆီနဲ့ နှိပ်နယ်ပေးနည်း

သံလွင်ဆီက သဘာဝအလျောက် မဲညစ်တာတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သံလွင်ဆီက သင့်နှုတ်ခမ်းသားကို ပန်းရောင်သမ်းအောင် ကူညီပေးပါလိမ့်မယ်။ နေ့တိုင်း သင့်နှုတ်ခမ်းသားကို သံလွင်ဆီလိမ်းပြီး နှိပ်နယ်ပေးရမှာဖြစ်ပါတယ်။

လိမ္မော်ရည်နဲ့ နှုတ်ခမ်းသားပန်းရောင်သမ်းအောင်လုပ်နည်း

လိမ္မော်ရည်ကလည်း နှုတ်ခမ်းသားပန်းရောင်သမ်းအောင် ကူညီပေးနိုင်ပါတယ်။ လိမ္မော်ရည်ကို သင့်နှုတ်ခမ်းမှာ ပုံမှန်လိမ်းပေးသင့်ပါတယ်။ ပုံမှန်လိမ်းပေးမယ်ဆိုရင် သင့်နှုတ်ခမ်းသားက တဖြည်းဖြည်းနဲ့ ပန်းရောင်သမ်းလာပါလိမ့်မယ်။

Ref: Homemade scrub for pink lips

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top