COVID-19 ကူးစက်ခံရသူတစ်ယောက်ကနေ နောက်ထပ်လူ ၅၉,၀၀၀ အထိ ကူးစက်ပျံ့နှံ့နိုင်

yyl-008-2.jpg

COVID-19 ရောဂါဟာ တုပ်ကွေးရောဂါထက် ကူးစက်ပျံ့နှံ့မှု နှစ်ဆမြန်ဆန်လို့ COVID-19 ကူးစက်ခံရသူတစ်ယောက်ကတစ်ဆင့် တခြားသူ ၅၉၀၀၀ ကို ကူးစက်နိုင်စွမ်းရှိတယ်လို့ အထူးကြပ်မတ်ကုသရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ပြောပါတယ်။ COVID-19 ရောဂါကူးစက်ခံရသူ တစ်ယောက်ကနေ လူသောင်းချီကို ရောဂါကူးစက်နိုင်တဲ့အတွက် ဗြိတိန်နိုင်ငံသားတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ခပ်လှမ်းလှမ်းမှာနေကြဖို့(Social Distance) လန်ဒန်တက္ကသိုလ်ကောလိပ်ရဲ့ အထူးကြပ်မတ်ကုသရေး ဆေးပညာပါမောက္ခမောင့်ဂိုမာရီက ပြောပါတယ်။

” ကျွန်တော်က သာမန်တုပ်ကွေးရောဂါဖြစ်တယ်ဆိုပါစို့။ ကျွန်တော်ကတစ်ဆင့် နောက်ထပ် လူ ၁.၃ ယောက်၊ ၁.၄ ယောက်လောက်ကို ကူးစက်နိုင်တယ်။ သူတို့ဆီကတစ်ဆင့် နောက်ထပ်လူတော်တော်များများကို ကူးသွားတယ်ဆိုပါတော့။ အဲဒီအချိန်မှာ ကူးစက်မှုက ၁၀ ဆလောက်ရှိမှာပါ။ ဒါဆိုရင် ကျွန်တော်ကနေတစ်ဆင့် ကူးစက်သွားသူ ၁၄ ယောက်ရှိတာပေါ့။ ”ကိုရိုနာဗိုင်းရပ်စ်ကတော့ ကူးစက်မှု အရမ်း၊ အရမ်းမြန်ဆန်ပါတယ်။ လူတစ်ယောက်ကနေ နောက်ထပ် လူသုံးယောက်ကို ကူးစက်နိုင်ပါတယ်။ သူတို့ တစ်ယောက်ချင်းစီကနေ နောက်ထပ်လူသုံးယောက်စီကို ထပ်ကူး ပါတယ်။ အဲဒီလိုကူးစက်မှုက ၁၀ ဆင့် အထိဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော်ကနေတစ်ဆင့် ကူးစက်မယ့် သူက ၅၉၀၀၀ အထိ ရှိပါတယ်”လို့ မောင့်ဂိုမာရီက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဗြိတိန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၈၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၄၂၂ ဦး ရှိတယ်လို့ ဆိုပါတယ်။

Ref: Dailymail “‘Coronavirus is very, very infectious’: Expert describes how one patient could infect up to 59,000 others as the virus is almost THREE TIMES more infectious than flu”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top