ကဆုန်လပြည့်နေ့မှာ ဘုရားဖူးတွေကို မုန့်နဲ့ အအေးတွေ ဒါနပြုခဲ့တဲ့ Online Donation Group ပရဟိတအဖွဲ့

2017051111ODG.jpg

ရွှေတိဂုံစေတီတော်ကို လာရောက်ခဲ့ကြတဲ့ ဘုရားဖူးဧည့်သည်တွေကို ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့မှာ ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ Online Donation Groupက မုန့်နဲ့ အအေးတွေ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

Online Donation Group ဟာ နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ယခုလို လှူဒါန်းမှုတွေပြုလုပ်နေတာက ဆယ်နှစ်ကျော်သက်တမ်းရှိနေပြီလို့ အဖွဲ့တည်ထောင်သူ ကိုဝေဖြိုးအောင်က ရိုးရားလေးကို ပြောပါတယ်။

“ဒီနေ့ကို ကဆုန်လပြည်နေ့လို့ပဲသိကြတယ်။ ဘာနေ့မှန်းမသိကြဘူး။ ကုသိုလ်ယူကြမှန်းမသိကြဘူး။ ဒါကြောင့် မသိသေးတဲ့သူတွေ သိအောင် ရည်ရွယ်ပြီ့း ဒီအစီအစဉ်ကို လုပ်ဖြစ်တာပါ။ မုန့် ၁၀၀၀ ၊ အအေးခွက် ၅၀၀၀ နဲ့ ဘုရားဖူးတွေကို လှူဒါန်းနိုင်ခဲ့ပါတယ်” လို့ ကိုဝေဖြိုးအောင်က ထပ်မံဆိုပါတယ်။

အဖွဲဝင် ထောင်ချီရှိပေမယ့် ကဆုန်လပြည့်နေ့မှာတော့ အဖွဲ့ဝင် ၇၀ လောက်ပူးပေါင်းခဲ့ကြပြီး နာမည်ကြီး Miss တွေဖြစ်တဲ့ ခင်ဝင့်ဝါ၊ ဝိုင်းလေး၊ ဟန်သီတို့လည်း ပါဝင်ဒါနပြုခဲ့ကြပါတယ်။

ODG အဖွဲ့ဟာ လာမည့် ဝါဆိုလပြည့်နေ့မှာလည်း မိဘမဲ့ ကိုရင်များကို သင်္ကန်းကပ်လှူဖို့လည်း ရှိတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။

Online Donation Group ဟာဆိုရင် ၂၀၀၆ ခုနှစ်ခန့်က အွန်လိုင်းအသုံးပြုသူများ စုစည်းဖွဲ့စည်းထားတဲ့ ပရဟိတအသင်းလည်းဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top