Samsung Galaxy S23 Ultra “Lavender” အရာင်အသစ်နှင့် Galaxy S22 Ultra “8GB+128GB Memory” အသစ်တို့ကို မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

23.5.2023-yyl-6.jpg

Samsung Galaxy S23 series ရဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံး Galaxy S23 Ultra စမတ်ဖုန်းကို စွဲမက်ဖွယ် Lavender အရာင်အသစ်နဲ့ [12/512GB] အတွက် မြန်မာငွေကျပ် ၄,၄၆၅,၀၀၀၊ [8/256GB] အတွက် မြန်မာငွေကျပ် ၃,၉၁၅,၀၀၀ နဲ့ မြန်မာစျေးကွက်မှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

ပထမဆုံး ဝယ်ယူအားပေးတဲ့ Samsung ချစ်သူ အယောက် ၅၀ အနေနဲ့
[12/512GB] Version ကို ဝယ်ယူရင် Buds 2 Pro + Silicone Grip Case +Travel adaptor နှင့်
[8/256GB] Version ကိုဝယ်ယူရင် Silicone Grip Case + Travel adaptor တို့ကိုအထူးလက်ဆောင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မနှစ်ကထွက်ရှိခဲ့တဲ့ Galaxy S22 Ultra စမတ်ဖုန်းကို Epic Memory အသစ် [8/128GB] နှင့်အတူ ပြန်လည်မိတ်ဆက်ပေးလိုက်ပြီး မြန်မာငွေကျပ် ၃,၄၄၅,၀၀၀ ဖြင့် စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ဝယ်ယူအားပေးတဲ့ ပထမဆုံး အယောက် ၁၀၀ အတွက်လည်း Buds 2 Pro +Travel adaptor ကိုပေးအပ်ပေးသွားဦးမယ့် အထူးအစီအစဉ်လည်းရှိပါတယ်။

အသစ်ထပ်မံ မိတ်ဆက်လိုက်တဲ့ စွမ်းဆောင်ရည်မြင့် Samsung Galaxy စမတ်ဖုန်း တွေကို CB credit card နဲ့ AYA Pay တို့နဲ့ ၆ လအထိ အတိုးမဲ့အရစ်ကျ ဝယ်ယူနိုင်မှာဖြစ်ပြီး မတော်တဆ ဖုန်းထိခိုက်မှုတွေ အတွက်လည်း စိတ်ပူစရာမလိုတဲ့ Samsung Care+ အထူးဝန်ဆောင်မှုကို ပေးအပ်ပေးသွားမှာ ဖြစ်ပါတယ်။

Galaxy S23 series ဖုန်းတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းပါးဆုံး ဖြစ်စေဖို့အတွက် ပြန်လည်အသုံးပြုနိုင်တဲ့ polyethylene terephthalate (PET) ကို စမတ်ဖုန်းရဲ့ အစိတ်အပိုင်းတွေမှာ ပြန်လည် အသုံးပြုပေးထားတဲ့ ပထမဆုံး Galaxy ထုတ်ကုန်ပစ္စည်းဖြစ်ပြီး ယခုအချိန်ထိ ထွက်ရှိထားပြီးတဲ့ အခြား Samsung Galaxy စမတ်ဖုန်းတွေထက် Recycle ပြုလုပ်ထားတဲ့ အစိတ်အပိုင်းတွေ ပိုမိုပါဝင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top