Gangnam Style နဲ့ ကမ္ဘာကျော်ခဲ့တဲ့ PSY ရဲ့ အယ်လ်ဘမ်သစ် ထွက်ပြီ

201705112.png

Gangnam Style သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ တောင်ကိုရီးယားအဆိုတော် PSY ဟာ သူ့ရဲ့ 4×2=8 အမည်ရှိတဲ့ သီချင်း အယ်လ်ဘမ်သစ်ကို မေလ ၁ဝရက်နေ့က ဖြန့်ချီလိုက်ပါတယ်။

ဒီသီချင်းခွေဟာ PSY ရဲ့ ၈ခုမြောက် အယ်လ်ဘမ်ဖြစ်ပြီး သီချင်း ဆယ်ပုဒ်ပါဝင်ပါတယ်။I Luv It နဲ့ New Face အမည်ရှိ သီချင်းသစ် နှစ်ပုဒ်ကိုတော့ Music Video အနေနဲ့ရိုက်ကူးထားတာကို တွေ့ရပါတယ်။ I Luv It သီချင်းမှာတော့ PPAP သီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ Pikotaro နဲ့ ကိုရီးယား ထိပ်တန်းသရုပ်ဆောင် လီဗြောင်ဟွန်းကပါ ကကွက်အချို့နဲ့ သရုပ်ဆာင်ထားပါတယ်။

New Face မှာတော့ မိန်းကလေးအဆိုတော်အဖွဲ့ဖြစ်တဲ့ Apink က Naeun က သရုပ်ဆောင်ထားပါတယ်။ သီချင်းတွေကိုလည်း PSY ရဲ့အေဂျင်စီ အောက်က အဖွဲ့တွေဖြစ်တဲ့ Bigbang က အဖွဲ့ဝင် နဲ့ အခြား အဖွဲ့ဝင်တွေက Featuring အဖြစ် ကူညီသီဆိုပေးထားကြပါသေးတယ်။

ဒီသီချင်းတွေမှာတော့ PSY ရဲ့ ပုံစံအတိုင်း ကကွက်အဆန်းတွေ၊ သရုပ်ဆောင်၊ ကပြဖျော်ဖြေသူ အများကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။

မနေ့ကမှ Youtube ပေါ်မှာ တင်ထားတဲ့ I Luv It နဲ့ New Face သီချင်းဟာ ခုဆိုရင် ကြည့်တဲ့သူ ၄ သန်းကျော်နေပြီဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ မှတ်တိုင်လို့ ဆိုရမယ့် ကမ္ဘာတစ်လွှားက ကြည့်ရှု့သူ ၂ဘီလံကျော်ရှိခဲ့တဲ့ Gangnam Style ကို စံချိန်ကျော်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Team (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top