OPPO မှ 125W Flash Charge၊ 65W AirVOOC Wireless Flash Charge နှင့် 50W Mini SuperVOOC Charger တို့ကို ဈေးကွက်တွင် စတင်မိတ်ဆက်

OPPO-Flash-Charge-Launch-Photo-9.jpg

OPPO က 125W Flash Charge၊ 65W AirVOOC Wireless Flash Charge၊ Ultra-small Portable 50W Mini SuperVOOC Charger နဲ့ 110W Mini Flash Charger တွေကို ဇူလိုင် ၁၅ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။

125W Flash Charge နည်းပညာက မိုဘိုင်းလ် ဈေးကွက်မှာ နောက်ဆုံးပေါ် Flash Charge နည်းပညာ ရှာဖွေဖော်ထုတ်နိုင်မှုလို့ ဆိုနိုင်ပါတယ်။ ခေတ်‌ရှေ့ပြေးတဲ့ Encryption Algorithm များ၊ တိကျသော Temperature Control Regulators များကို ထည့်သွင်း‌ထားသောကြောင့် Flash Charging Device ကို ဆင်ပြေလွယ်ကူစွာနှင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

65W AirVOOC Wireless Flash Charge က အသုံးပြုသူများကို ပုံမှန်အားသွင်းကြိုးနှင့် အားသွင်းခြင်းထက် ပိုမို လျင်မြင်စွာ အားပြည့်စေပါတယ်။ Global Launch မှာ ပထမဦးဆုံး မိတ်ဆက်လာခဲ့တဲ့ 50W mini SuperVOOC charger နဲ့ 110W Flash Charger တို့မှာလည်း OPPO ရဲ့ VOOC Flash Charge နည်းပညာကို အသုံးပြုထားတဲ့ ထူးခြားတဲ့ တီထွင်မှုအသစ်တွေပဲဖြစ်ပါတယ်။ အပေါ့ပါးဆုံး၊ အပါးလွှာဆုံး ဒီဇိုင်းနှင့်အတူ အလွယ်တကူ သယ်ဆောင်သွားနိုင်မှုတို့ကြောင့် ဈေးကွက်မှာ စွမ်းအားမြင့် Charger များကို ပိုမို သေးငယ်သော အရွယ်အစားနှင့် ထုတ်လုပ်မှုမှာ ရှေ့ဆုံးက ဦးဆောင်နေတဲ့ Charger များ ဖြစ်ပါတယ်။

125W Flash Charge: 5G ခေတ်ရဲ့ပိုမိုလျှင်မြန်တဲ့ အားသွင်းစနစ်

OPPOရဲ့ 125W Flash Charge နည်းပညာက 4000mAh မှာ ဖုန်းဘက်ထရီကို ၅ မိနစ်အတွင်း 41% အထိ အားသွင်းပေးနိုင်ပြီး 100% ပြည့်ရန် မိနစ် ၂၀ သာ လိုတဲ့ Direct Charging Techology ကို အသုံးပြု ထားပါတယ်။ ဒါ့အပြင် ဒီနည်းပညာက အရင်မိတ်ဆက်ခဲ့တဲ့ SuperVOOC နဲ့ VOOC Flash Charge Protocol တွေနဲ့ အတူ သုံးနိုင်ပြီး 65W PD နဲ့ 125W PPS စတဲ့ Mainstream Protocol များနှင့်လည်း အသုံးပြုနိုင်ပါတယ်။ 125W Flash Charge နည်းပညာက အရင် ဈေးကွက်မှာ အဆင့်အမြင့်ဆုံး Flash Charging နည်းပညာလို့ ဆိုနိုင်ပါတယ်။

SuperVOOC ရဲ့ နည်းပညာ ဖွဲ့စည်းပုံ ဒီဇိုင်းကို ပြောင်းလဲထားတဲ့ 125W Flash Charge က ပိုမို ကောင်းမွန်ပြည့်စုံတဲ့ Hardware Architectureကို အဆင့်မြှင့် ပြုလုပ်ထားပါတယ်။ Charging Scheme 20V 6.25A အထိ ရရှိနိုင်ပြီး Chargerရဲ့ အရွယ်အစားကို ဆိုဒ်မကြီးစေဘဲ အားသွင်းမှု ကြာချိန်ကို လျှော့ချနိုင်စေရန် Power Density Properties များကိုလည်း သိသိသာသာ တိုးတက်အောင် ပြောင်းလဲထည့်သွင်းထားပါတယ်။ ဘက်ထရီပိုင်းမှာ ထူးခြားကောင်းမွန်တဲ့ Battery ratio ရှိသည့် Double-6C cells ၊ ဈေးကွက်မှာ ခေတ်ရှေ့ပြေးတဲ့ Multiple Tab Structures များ၊ Charge Pump များနှင့် ဘက်ပေါင်းစုံက အဆင့်မြှင့် ထားတဲ့ MCU တို့နှင့်အတူ အားသွင်းမှု ပိုမိုကောင်းမွန်အဆင်ပြေစေဖို့ ဖွဲ့စည်းအားဖြည့်ထားပါတယ်။

ဒါ့အပြင် 125W Flash Charge ရဲ့ အခြေခံ နည်းပညာက အားသွင်းနေစဉ် အားသွင်းနေမှု အခြေအနေကို စစ်ဆေးပြီး လုံခြုံစိတ်ချရမှုကို သေချာစေတဲ့ Temperature Sensor ၁၀ လုံးကို ထပ်မံ ထည့်သွင်း ပေးထားခြင်းဖြင့် ပိုမို ဘေးကင်းလုံခြုံမှုရှိသော အားသွင်းမှုကို ရရှိစေပါတယ်။ Fuse Overvoltage Protection စနစ်များ၊ Typec C နှင့် Type C Wire၊ 128-bit High-strength Encryption Algorithm တို့ကိုလည်း အသုံးပြုပြီး ဘေးအန္တရာယ်ကင်းစေရန် အသေအချာ ဆောင်ရွက်ထားပါတယ်။

65W AirVOOOC Wireless Flash Charge: ကြိုးမဲ့အားသွင်းစနစ် နည်းပညာ တိုးတက်ပြောင်းလဲလာမှုကို ဦးဆောင်သူ

ဖုန်းသုံးစွဲသူများက အားသွင်းကြိုးများရဲ့ ရှုပ်ထွေးမှုတို့က ကင်းဝေးပြီး မိမိတို့ရဲ့ ဖုန်းများ အမြန်ဆုံး အားပြည့်နိုင်ရန် အလိုရှိကြပါတယ်။ 65W AirVOOOC Wireless Flash Charge က ဒီပြဿနာရဲ့ အဖြေများကို ဖြေရှင်းထားပြီး ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Isolated Charge Pump နည်းပညာနဲ့ Parallel Dual-Coil Design ကို အသုံးပြုပြီး ကြိုးမဲ့ အားသွင်းစနစ်ကို ပိုမို အဆင်ပြေစေတဲ့ Wireless Flash Charge ဈေးကွက်ရဲ့ ရှေ့ဆောင်လမ်းပြ နည်းပညာတစ်ခုဖြစ်ပါတယ်။

65W AirVOOOC Wireless Flash Charge က 4000mAh battery ကို အားပြည့်စေရန် မိနစ် ၃၀ အတွင်း အလျင်မြန်ဆုံး အားသွင်းပေးနိုင်ပါတယ်။ Frequency ပိုင်း Interference ကို လျှော့ချထားသောကြောင့် Wireless Charging ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီနည်းပညာမှာ လုံခြုံမှုအတွက် အလွှာ (၅)လွှာ လုံခြုံမှု တိုင်းတာချက်များ ပါဝင်ပြီး အခြား မဆိုင်သော အရာဝတ္ထုများကို စုံစမ်းပိုင်းခြားပေးသော စနစ်များလည်း ပါဝင်ပါတယ်။ Qi Standard နှင့်လည်း အသုံးပြုနိုင်တာကြောင့် အသုံးပြုသူများကို အထူး လျင်မြန်တဲ့ ကြိုးမဲ့အားသွင်းမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် OPPO က 65W AirVOOOC Wireless Flash Charge စနစ်နဲ့ တွဲဖက်သုံးနိုင်သော Wireless Charger ကိုလည်း စတင်မိတ်ဆက်လာခဲ့ပါတယ်။ ဒီ Charger မှာ Moldless Rapid Prototyping နည်းပညာဖြင့် လှပစွာ ပုံဖော်ထားသော Glass ပါဝင်ပြီး ဒီ နည်းပညာကို သုံးစွဲသူများရဲ့ အီလက်ထရောနစ်ဈေးကွက်တွင် အသုံးပြုထားခြင်းမှာ ပထမဦးဆုံးပင် ဖြစ်ပါတယ်။

Charger ရဲ့ အောက်ခြေမှာ အပူချိန် ဝင်ထွက်မှုကို ထိန်းညှိပေးရန် Semiconductor Cooler ကို ထည့်သွင်း ထားတာကြောင့် ဖုန်းအားဖြည့်ပြီးချိန်မှာ ဖုန်းရဲ့ အပူချိန် မြင့်မားမှု မရှိအောင် ကူညီလုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် ဖုန်းရဲ့ ကျောဘက် အပူချိန်ကို Fan အသုံးပြုပြီး အေးစေခြင်းထက် 2℃ ပိုမို လျော့နည်းတဲ့ အပူချိန် ရရှိစေမှာဖြစ်ပါတယ်။ ထူးခြားတဲ့ဒီဇိုင်းက ဖုန်းအားသွင်းမှုကို ပိုမို အဆင်ပြေစေရန်နှင့် စွမ်းအားမြင့် အားသွင်းမှုကို ရရှိနိုင်အောင် ကူညီပေးပါတယ်။

ဒီ အထူး ပါဝင်တဲ့ နည်းပညာများကြောင့် 65W AirVOOOC Wireless Flash Charge က ပိုမို ထူးခြား အံ့သြဖွယ် အားသွင်းမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်မှာဖြစ်ပြီး 5G ခေတ်မှာ ဖုန်းသုံးစွဲသူတို့ရဲ့ ပထမ ဦးစားပေး ရွေးချယ်မှုလည်း ဖြစ်လာမယ်လို့ ဖော်ပြနေပါတယ်။

စွမ်းအားမြင့် Ultra-small Charger Series: သေးငယ်သော အရွယ်အစားနှင့် သယ်ဆောင်အသုံးပြုရန် လွယ်ကူခြင်း

OPPO က ယနေ့ Global Launch မှာ ထူးခြားသော Dual-level ဖွဲ့စည်းပုံ ရှိတဲ့ ကမ္ဘာ့အသေးငယ်ဆုံးနှင့် အပါးလွှာဆုံးဖြစ်တဲ့ 50W mini SuperVOOC charger နှင့် 110W Mini Flash Charger တို့ကိုလည်း စတင် မိတ်ဆက်ခဲ့ပါတယ်။

OPPO ရဲ့ 50W mini SuperVOOC Charger က Multi-radian Curve Processing မှတစ်ဆင့် ထုတ်လုပ် ထားကာ ဘေးနံရံအထူ 1.05cm သာ ရှိပြီး Business Card Holderနှင့် အရွယ်အစားတူညီပါတယ်။ ဒါ့ကြောင့် အသုံးပြုသူများက အိတ်ကပ်အတွင်း အလွယ်တကူ သယ်ဆောင်သွားနိုင်သောကြောင့် သွားလာ လှုပ်ရှားရာနှင့် ခရီးသွားသောအခါများတွင် အလွန် အဆင်ပြေစေပါတယ်။ 50W mini SuperVOOC charger က VOOC Protocols များအပြင် 27W PD နှင့် 50W PPS စတဲ့ Mainstream Protocol များနဲ့ပါ အသုံးပြု နိုင်ပြီး ဖုန်းများ၊ Laptop များစတဲ့ လျှပ်စစ်ပစ္စည်း အမျိုးမျိုးကို အားသွင်းနိုင်ပါတယ်။

OPPOရဲ့ အင်ဂျင်နီယာများက 50W Mini SuperVOOC Charger အတွက် ခေတ်မီဆန်းသစ်သော ဖွဲ့စည်း တည်‌ဆောက်ပုံကို ဒီဇိုင်းဆွဲခဲ့ကြပြီး Topological ဒီဇိုင်းအသစ်နှင့် နေရာယူမှု များတဲ့ ပါဝင်ပစ္စည်းများရဲ့ အရွယ်အစားကို လျှော့ချခဲ့ပါတယ်။ ဒီ ဒီဇိုင်းက သမားရိုးကျ Conventional Electrolytic Capacitor ကို ဖယ်ရှားပြီး ဈေးကွက်မှာ ပထမဦးဆုံး အသုံးပြုလာတဲ့ Pulse Charging ၊ Aviation-grade High Power Clamping Diodes များနှင့် GaN High Frequency Switching Power Supply Technology တို့ကို သုံးကာ ပိုမို ကောင်းမွန်သော Power Conversion ကို ရရှိစေပြီး စွမ်းအားမြင့် Charger များကို သေးငယ်သော အရွယ်အစားနှင့် ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

50W Mini SuperVOOC Charger အပေါ် အခြေခံ ထုတ်လုပ်ထားတဲ့ OPPOရဲ့ 110W Mini Flash Charger က စွမ်းအားမြင့် Adapter များရဲ့ အရွယ်အစားနှင့် အသုံးပြုရ လွယ်ကူမှုတို့အတွက် အရင်ရှိခဲ့သော ကန့်သတ်ချက်များကို ကျော်လွန်ခဲ့ပါတယ်။ High-efficiency Power Conversion နှင့် အပူချိန်များမှုကို ထိန်းချုပ် ပေးနိုင်သော ဆန်းသစ်တဲ့ Dual-level Architecture ကို အသုံးပြုထားတဲ့ အပြင် 35.76 cm³ (ပုံမှန် 18W charger ရဲ့ အရွယ်အစားမျှ) အထိ အရွယ်အစား ချုံ့ထားပြီး Laminate နှင့် Compact Structure များနှင့် အတူ 110W Mini Flash Charger ကို ပေါင်းစည်းတည်ဆောက်ထားပါတယ်။

အသိဉာဏ်မြင့်မားတဲ့ ဆက်သွယ်မှုခေတ်မှာ OPPOရဲ့ ultra-small Charger Series က အချိန်တိုင်း နေရာတိုင်းမှာ Flash Charging စနစ်နှင့် အားသွင်းနိုင်အောင် ကူညီနေမှာဖြစ်ပါတယ်။ အားသွင်းရင်း သွားလာလှုပ်ရှားနိုင်ခြင်းကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပြီး Charger တစ်ခုတည်းနှင့် Device အများအပြားကို အားသွင်းနိုင်မှာဖြစ်ပါတယ်။

OPPO က ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စတင်ပြီး Flash Charging အတွက် Global Patent 2,800 ကျော် ကို တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ကမ္ဘာအနှံ့က သုံးစွဲသူ ၁၅၇ သန်းကျော်အတွက် အထူးလျင်မြန်တဲ့ အားသွင်းမှု အတွေ့အကြုံများ ရရှိစေရန် VOOC Flash Charge နည်းပညာကို OPPO စမတ်ဖုန်း အမျိုးအစား ၃၀ ကျော်တွင် ထည့်သွင်းထုတ်လုပ်ထားလျက်ရှိပါတယ်။ အခု အသိဉာဏ်မြင့်မားသော ဆက်သွယ်မှုခေတ်မှာ Mobile Flash Charging လိုအပ်ချက်များ အမြောက်အမြား တိုးပွားလာသည်နှင့်အမျှ OPPO က VOOC Flash Charge Platforms များနှင့် ဈေးကွက်တွင် ဦးဆောင်လျက်ရှိသည့် နည်းပညာများကို ပိုမို အဆင့်မြှင့် တီထွင် စမ်းသပ်မှုများ ပြုလုပ်ကာ ကမ္ဘာအနှံ့မှ သုံးစွဲသူများအတွက် လျင်မြန်ပြီး အသုံးပြုမှု အဆင်ပြေစေတဲ့ အားသွင်းမှု စနစ်များ ယူဆောင်လာပေးနိုင်ရန် ဆက်လက် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top