OPPO ထူးခြားဆန်းသစ်မှုတွေ ပါဝင်တဲ့ Reno4 ကို မြန်မာနိုင်ငံမှာ မကြာမီ မိတ်ဆက်သွားမယ်

OPPO-Reno4-11.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO က Reno4 ကို မြန်မာနိုင်ငံမှာ မကြာခင် စတင်မိတ်ဆက်တော့မယ်လို့ သြဂုတ်လ ၁၁ ရက်နေ့က သိရပါတယ်။ OPPO အနေနဲ့ ပြီးခဲ့တဲ့လက Reno4 Series ကို တရုတ်ပြည်မှာ အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့ပြီးနောက် အခုအခါမှာ နောက်ဆုံးပေါ် Reno4 ကို အခြားသောဈေးကွက်တွေမှာ သုံးစွဲသူတွေရဲ့လိုအပ်ချက်တွေနဲ့အညီ ထပ်မံ အဆင့်မြှင့်ပြီး မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Reno4 ကို ပြည်တွင်းဈေးကွက်ရဲ့ လိုအပ်ချက်နဲ့အညီ ကိုက်ညီအောင် 4G ကွန်ရက်ကို ထုတ်လုပ်တင်သွင်းသွားမှာဖြစ်ပေမယ့် OPPO ရဲ့ သုံးစွဲသူအခြေပြုသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပညာအပေါ် ရင်းနှီးမြုပ်နှံခြင်းက ရခဲ့တဲ့ရလဒ်တွေနဲ့ ပြုလုပ်ထားတဲ့ထူးခြားကောင်းမွန်တဲ့နည်းပညာသစ်တွေပါဝင်ပါတယ်။

Reno4 က ထူးခြားဆန်းသစ်တဲ့ Portraits တွေနဲ့ Camera ရှေ့မှာ “နေ့မိုက် ညချော” ဆိုတဲ့ အခိုက်အတံ့မျိုးကို အချိန်မရွေး လွယ်လွယ်ကူကူ ရိုက်ကူးရရှိစေမှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် Short Video Trend မှာ ပါဝင်နိုင်စေရန် ဗီဒီယိုရိုက်ကူးမှု အရည်အသွေးကိုလည်း တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Reno4 က Facial Recognition နဲ့ Touch-free Interactions စတဲ့ Feature အသစ်တွေ ပါဝင်လာမှာဖြစ်ပြီး Galactic Blue နဲ့ Space Black ဆိုပြီး အရောင်နှစ်မျိုးနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။

Reno4 က Portrait Photography နဲ့ ဗီဒီယိုရိုက်ကူးမှုကို နောက်ထပ်အဆင့်သို့ မြှင့်တင်ပေးမယ့် ထူးခြား ဆန်းသစ်တဲ့ ကင်မရာ Features တွေနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။ Reno4 က မိမိရဲ့ ကိုယ်ပိုင်ထူးခြားတဲ့ Style ကို ဖော်ထုတ်နိုင်ရန်၊ “နေ့မိုက် ညချော OPPO Reno4” ဆိုတဲ့အတိုင်း မိမိရဲ့အကောင်းဆုံးပုံရိပ်ကို ပြသနိုင်ပြီး မိမိရဲ့ Portrait ကို ရိုက်ချက်တိုင်းမှာ ထင်ပေါ်စေမှာဖြစ်ပါတယ်။ Reno4 က YouTube မှာတင်ဖို့ ခရီးသွား Vlog ရိုက်ဖို့၊ TikTok အတွက် ဗီဒီယို ရိုက်ရန်ဖို့၊ မိသားစု၊ သူငယ်ချင်းတွေနှင့် အတူတူ အမှတ်တရတွေကို ရိုက်ကူးထားဖို့အစရှိတဲ့ မည်သည့်အခြေအနေမျိုးအတွက် ပုံရိပ်ဆိုင်ရာ Features တွေကို အဆင့်မြှင့်တင်ပေးထားပြီး ဓာတ်ပုံ၊ ဗီဒီယိုများရိုက်ရာမှာ ပိုမိုပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ပြုလုပ်ပေးလုပ်ပေးမှာဖြစ်ပါတယ်။

အဲဒီအထဲမှာ ဓာတ်ပုံ Function သာမက ဗီဒီယို Function အတွက်ပါ ပါဝင်တဲ့ Feature အသစ်ဖြစ်တဲ့ နောက်ခံ Background ကို အဖြူအမဲသို့ ပြောင်းစေပြီး လူကို အပြင်ရှိ တကယ့်အရောင်အတိုင်းပေါ်စေတဲ့ AI Color Portrait Mode ပါဝင်ပါတယ်။ AI Color Portrait Mode ကို အရှေ့ ကင်မရာရော အနောက် ကင်မရာအတွက်ပါ အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် Reno4 က effect တွေကို ထည့်သွင်းပေးကာ ပုံရဲ့ အခြေခံအရည်အသွေးနှင့် LLHDR Algorithm တို့ ပေါင်းစပ်င်္ပြး နောက်ဆုံးမှာ Dynamic Range ပိုကောင်းတဲ့ပုံအဖြစ် ယူဆောင်လာပေးမယ့် Night Flare Portrait Mode လည်း ပါဝင်ပါတယ်။ လမ်းမီးရောင်နောက်ခံမှာ Neon Effects တွေအဖြစ် ပေါ်စေကာ လူကို ပိုမိုထင်ပေါ်စေတဲ့ Night Flare Mode ဖြင့် ညအချိန်ရိုက်တဲ့ Portrait ရိုက်ချက်တွေကို ကျွမ်းကျင်စေနိုင်မှာဖြစ်ပါတယ်။ ဗီဒီယို ပလက်ဖောင်းတွေမှာ သာမန်ဖန်တီးမှုဘောင်ထဲမှ ဖောက်ထွက်တဲ့ ဗီဒီယိုများ မျှဝေနိုင်ရန်အတွက် Reno4 က ထူးခြားဆန်းသစ်တဲ့ ဗီဒီယို feature များကိုလည်း ထည့်သွင်းပေးထားပါတယ်။

960fps Smart Slow Motion နဲ့ တစ်စက္ကန့်အတွင်း Frame ၉၆၀ ကို ရိုက်ကူးထားနိုင်မှာဖြစ်ပြီး စက္ကန့်အနည်းငယ်အတွင်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားတာကို ရိုက်ကူးလိုခြင်း၊ ရေ သို့မဟုတ် အမှုန့်တစ်ခုခု ဖြန်းလိုက်တာကို ရိုက်ကူးလိုခြင်း အစရှိတဲ့ အမြန် ဖြစ်ပေါ်သွားတဲ့ လှုပ်ရှားမှုတစ်ခုကို Slow Motion ဖြင့် ရိုက်ကူးနိုင်ပါတယ်။ Ultra Stedady Video 3.0 နဲ့အတူ Ultra Steady Mode ကိုလည်း ရှေ့ကင်မရာမှာ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Mode မှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေအတွက် ပုံရိပ်ငြိမ် Video တွေကို သက်သောင့်သက်သာ ရိုက်ကူးနိုင်စေဖို့ ပုံထွက်တည်ငြိမ်မှု စွမ်းရည်ကို တိုးမြှင့်ထားပါတယ်။ နောက်ကင်မရာရှိ Ultra SteadyVideo၊ Ultra Steady Video Pro တို့နဲ့ အရည်အသွေးမြှင့် Video တွေကို လမ်းလျှောက်နေရင်းဖြစ်စေ၊ ပြေးနေရင်းဖြစ်စေ၊ စက်ဘီးစီးနေရင်းဖြစ်စေ စိတ်ကြိုက် ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top