Rakuten Viber က သင်္ကြန်ပွဲတော်ကို အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင်ဆင်နွဲနိုင်မယ့် နည်းလမ်းတွေကို မိတ်ဆက်

Viber-Thingyan-IMG.jpg

Rakuten Viber က မိသားစုများ၊ သူငယ်ချင်းများနှင့် လူမှုဝန်းကျင်အသိုင်းအဝိုင်းများ အဆက်အသွယ်မပြတ်စေရန်အတွက် ကူညီလုပ်ဆောင် ‌ပေးလျက်ရှိပါတယ်။ Covid-19 နှင့် ပတ်သက်တဲ့ လုပ်‌ဆောင်ချက်များကို မိတ်ဆက်ပြီးတဲ့နောက် မြန်မာတို့ရဲ့ အကြီးကျယ်ဆုံးသောပွဲတော်ဖြစ်တဲ့ သင်္ကြန်ကာလအတွင်း အိမ်တွင်နေထိုင်ရသူများကို ပျော်ရွှင်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် သင်္ကြန်စတစ်ကာများ၊ သင်္ကြန်နှင့် ပတ်သက်တဲ့ စာသားများပါဝင်တဲ့မက်ဆေ့ချ် ပေးပို့ပါက ဖုန်းမျက်နှာပြင်ပေါ်တွင် လှုပ်ရှားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ on-screen animation များနှင့် သင်္ကြန်ဂိမ်း Bot ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံအစိုးရရဲ့Covid-19 ဆိုင်ရာ ညွှန်ကြားချက်များအရ အခုနှစ်သင်္ကြန်ကာလအတွင်း ပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အတူရှိသလို ခံစားရစေရန်အတွက် ချစ်ခင်ရသူများကို ဆုတောင်းမေတ္တာပို့သခြင်းကလည်း အ‌ရေးကြီးလာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရှိပြည်သူတွေက မိမိအိမ်တွင်နေပြီး သက်တောင့်သက်သာဖြင့် Viber ရဲ့အထူးပြုလုပ်ဖန်တီးပေးထားတဲ့ သင်္ကြန်စတစ်ကာများကို ချစ်ခင်ရသူများထံသို့ ပေးပို့နိုင်ပြီဖြစ်ပါတယ်။

ရွေးချယ်စရာများစွာထဲမှ သင်္ကြန်ပွဲဆင်နွှဲလိုသူများအတွက် သင်္ကြန်ရဲ့ အဓိက ပြယုဒ်ဖြစ်တဲ့ အတာရေလောင်းခြင်းနှင့် ပိတောက်ပန်းများကို Viber ကအထူးပြုလုပ်ဖန်တီးပေးထားပါတယ်။ အသုံးပြုသူများအတွက် ရေပက်တဲ့အသံ “ဗွမ်း”၊ ပျော်စရာသင်္ကြန်၊ သင်္ကြန်၊ ပျော်ရွှင်စရာနှစ်သစ်ကူး စတဲ့ စာသားများ ရိုက်နှိပ်ပေးပို့လိုက်ပါက ဖုန်းမျက်နှာပြင်ပေါ်တွင် လှုပ်ရှားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ on-screen animation ကိုလည်း Viber မှထည့်သွင်းပေးထားပါတယ်။

ပိုမိုပျော်ရွှင်ဖွယ်ဖြစ်စေရန်အတွက် ဖိုးဝရုပ်အားရေပက်ပြီး စိတ်ဝင်စားဖွယ်ဆုလက်ဆောင်များ အနိုင်ရရှိနိုင်မယ့် သင်္ကြန်ဂိမ်း Bot ကိုလည်း အသုံးပြုသူများကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီဂိမ်းသို့ ပါဝင်နိုင်ရန်အတွက်

၁။ သင်္ကြန်ဂိမ်း Bot ရဲ့ လင့်ခ် https://vb.me/thingyangamebot ကိုဝင်ရောက်ပါ။

၂။ ဂိမ်းဆော့ရန် Bot မှ ညွှန်ကြားချက်များကို လိုက်နာပါ။

၃။ ပထမဂိမ်းအပြီးမှာ PUBG Classic Crate Scraps နှစ်ခု ရရှိနိုင်ရန်အခွင့်အရေးအတွက် ခဲခြစ်ကံစမ်းလိုက်ပါ။

၄။ Grand prize (အွန်လိုင်းဈေးဝယ်ခြင်းနှင့် အွန်လိုင်းငွေပေးချေခြင်းများအတွက် ၂၅ သိန်းတန် CB ကြိုတင်ငွေဖြည့်ကတ်နှင့် CB Life၏ ၂၅သိန်းတန် ကျန်းမာရေးအသက်အာမခံ) အနေဖြင့် အမှတ်အများဆုံး ရရှိသူများထဲ ကံထူးရှင်တစ်ဦးကို မေလ ၅ ရက်နေ့မှာ ကျပန်းရွေးချယ် ချီးမြှင့်ပေးသွားမည်ဖြစ်ပါတယ်။

ဒါ့အပြင် Viber က #StayAtHome ဆိုတဲ့ challenge ကို သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွင် ပို့စ်တင်ပြီး မြန်မာပြည်သူပြည်သားများ အပြင်မထွက်ကြပဲ အိမ်ထဲမှာနေကြရန် မေတ္တာရပ်ခံထားပါတယ်။ COVID-19 အကျပ်အတည်းကာလမှာ ပုဂ္ဂလိကကုမ္ပဏီများက ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးတို့အတွက် ပိုမိုလုပ်ဆောင်လာကြပြီး လူအများကလည်း မိမိတို့ရဲ့ချစ်ခင်ရသူများနှင့် ဆက်သွယ်နိုင်ရန်အတွက် ထိရောက်သော နည်းလမ်းများကိုလည်း ရှာဖွေလာကြပါတယ်။

အခုနှစ် သင်္ကြန်ပွဲတော်ကို အရင်နှစ်များနှင့် မတူခြားနားစွာ ကျင်းပရဖွယ်ရှိသော်လည်း Viber မှတဆင့် မြန်မာနိုင်ငံရှိ ပြည်သူများက Viberရဲ့ လုပ်ဆောင်ချက် အသစ်များဖြင့် ချစ်ရသူများနှင့် ချိတ်ဆက်ကာ ပျော်ရွှင်စွာ ဆင်နွှဲနေနိုင်မှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top