နှစ် (၃၀) အချိန်ယူခဲ့ရတဲ့အိမ်ကြီး တောမီးထဲပါသွားလို့ ယူကြုံးမရ ဖြစ်နေရှာတဲ့ အမျိုးသား

24-8-2020-yyl-018.jpg

ကယ်လီဖိုးနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကလည်း တောမီးအကြီးအကျယ် လောင်ခဲ့တဲ့အပြင် အခုလည်း တောမီးလောင်ကျွမ်းနေပါတယ်။ တောမီးလောင်ကျွမ်းမှုက လူနေအိမ်တွေကိုလည်း ဖျက်စီးပစ်ခဲ့ပါတယ်။ တောမီးဝါးမြိုခံခဲ့ရတဲ့ လူနေအိမ်တွေထဲမှာ ဟန့်ခ် ဟန်ဆန်ဆိုတဲ့ အမျိုးသားရဲ့ နှစ်နှစ်လလပြင်ဆင်ဆောက်လုပ်ခဲ့ရတဲ့ အိမ်ကြီးလည်း ပါဝင်ပါတယ်။ ဟန့်ခ်နဲ့ သူ့ဇနီးတို့ဟာ ပြီးခဲ့တဲ့အပတ်က သူတို့ရဲ့အိမ်နားကို တောမီးလောင်တွေ ရောက်လာခဲ့တဲ့အတွက် အသက်လုပြီးပြေးခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ အသက်ရှင်လွှတ်မြောက်နိုင်ခဲ့ပေမယ့် သူတို့အိမ်ကို ပြန်လာတော့ မီးလောင်ကျွမ်းခံရပြီး ပြာကျနေတဲ့ သူတို့အိမ်ကြီးကို တွေ့မြင်လိုက်ရပါတယ်။

အဲဒီအိမ်ကြီးကို ပြီးပြည့်စုံတဲ့အိမ်ဖြစ်အောင် ဆယ်စုနှစ် (၃) ခုလောက်အချိန်ယူပြီး ဆောက်လုပ်ခဲ့ရတဲ့အတွက် ဟန့်ခ် ဟန်ဆန် ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ ဟန့်ခ် ဟန်ဆန်ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ၁၉၇၄ ခုနှစ်က ဝယ်ယူခဲ့တဲ့ အိမ် (၂) အိမ်ပါဝင်ပါတယ်။ အဲဒီအချိန်တုန်းက မြေကွက်ဝယ်ယူခဲ့ကာ နောက်ထပ် (၁၇) နှစ်ကို သစ်ကြားပင်၊ မက်မွန်ပင်၊ ကတွတ်ပင်၊ ယူကလစ်ပင်တွေစိုက်ပျိုးရင်းနဲ့ အချိန်ကုန်ခဲ့ပါတယ်။ နှစ် (၂၀) နီးပါးအကြာမှာ ဝိုင်သိုလှောင်ခန်း၊ အတွင်းအပြင်ရေကူးခန်းနဲ့ မီးလင်းဖိုတွေထားရှိဖို့အတွက် စတုန်းရန်ပေ (၃၀၀၀) စာထပ်ပေါင်းထည့်ခဲ့ပါတယ်။ “ကျွန်တော် ဒီအိမ်ကြီးဖြစ်အောင် နှစ် (၃၀) အချိန်ကုန်ခဲ့ရပါတယ်။ ဒါအတော်လေးမိုက်ပါတယ်။ ဒီထက်နည်းတဲ့နှုန်းထားနဲ့ ဒါကို မလုပ်ချင်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

အခုဆိုရင် သူ့ရဲ့အိပ်မက်အိမ်ကြီးလည်း မရှိတော့တဲ့အတွက် ဟန့်ခ် ယူကြုံးမရဖြစ်နေရပါတယ်။ တောမီးလောင်တဲ့အချိန်မှာ ဟန့်ခ်က အိပ်ရာနိုးနေတဲ့အတွက် ကံကောင်းသွားခဲ့တာပါ။ တောမီးက မနက် (၁) နာရီမှာ (၃၅) ဒီဂရီဆဲလ်စီယပ်နဲ့ လောင်ကျွမ်းနေခဲ့တာဖြစ်ပါတယ်။ ဟန့်ခ်က အိပ်မပျော်နိုင်တဲ့အတွက် သူ့အိမ်နားထိရောက်လာတာကို သိခဲ့တာဖြစ်ပါတယ်။ “ရေတံခွန်လိုပဲ ကျွန်တော်တို့အိမ်နားကို လာနေတာပါ”လို့ ဟန့်ခ်က ဆိုပါတယ်။ ဟန့်ခ်က အိမ်ကြီးကို မီးက ဝါးမြိုသွားခဲ့ပေမယ့်လည်း သူ့ရဲ့မျှော်လင့်ချက်တွေအားလုံးကို လက်မလျော့ခဲ့ပါဘူး။ အဲဒီနေရာကို ပန်းခြံနဲ့ စခန်းချအပန်းဖြေလို့ရမယ့်နေရာအဖြစ် ပြောင်းလဲပစ်ဖို့ စီစဉ်နေပြီး သူ့အပေါင်းအဖော်တွေနဲ့အတူ အလည်လာနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝှမ်းမှာ တောမီးလောင်ကျွမ်းမှုက လူ (၆) ဦးကို သေဆုံးစေခဲ့ပြီး လူနေအိမ် (၇၀၀) ကျော်ကို ဖျက်စီးပစ်ခဲ့ပါတယ်။ ဒါက ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာ ဒုတိယအကြီးဆုံး တောမီးလောင်မှုဖြစ်ပါတယ်။

Ref: Ladbible “Californian Man Devastated After Dream Home He Spent 30 Years Building Is Destroyed In Wildfire”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top