အိန္ဒိယနိုင်ငံမှာ တစ်ရက်တည်းနဲ့ အပင်သန်းချီစိုက်ပျိုးခဲ့

5d501fdc240000a945937eaa.jpeg

အခုနောက်ပိုင်းမှာ နိုင်ငံတော်တော်များများဟာ ပူပြင်းခြောက်သွေ့တဲ့ဒေသတွေ ပြန်လည်စိမ်းလန်းစိုပြေလာအောင် အပင်တွေ စိုက်ပျိုးလာကြပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း လူ (၁) သန်းကျော်က တစ်ရက်တည်းနဲ့ သစ်ပင် သန်း (၂၂၀) စိုက်ပျိုးခဲ့ကြပါတယ်။ အခုလိုစိုက်ပျိုးတာက ရာသီဥတုပြောင်းလဲခြင်းကို လျော့ချဖို့နဲ့  ပတ်ဝန်းကျင်တိုးတတ်ပြောင်းလဲဖို့အတွက် အိန္ဒိယအစိုးရရဲ့ အစီအစဉ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့လူဦးရေထူထပ်တဲ့ဒေသတွေမှာ အပင်တွေကို စိုက်ပျိုးခဲ့တာပါ။ လူဦးရေသန်း (၂၀၀) ကျော်ရှိတဲ့ အက်တာ ပရာဒါက်ရှ်မြောက်ပိုင်းမှာ ပျိုးပင်ပေါက်တွေကို စိုက်ပျိုးခဲ့ပါတယ်။ လမ်းမတစ်လျှောက်၊ မီးရထားလမ်းနဲ့ သစ်တောတွေထဲမှာ ပျိုးပင်ပေါက်များစွာကို ကျောင်းသူ/ကျောင်းသားများ၊ ဥပဒေပြုရေးအမတ်တွေ၊ အရာရှိတွေနဲ့ ဒေသအတွင်းနေထိုင်သူတွေက စိုက်ပျိုးခဲ့ပြီး သစ်တောတွေ တိုးပွားလာဖို့နဲ့ လေထုထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သစ်တောအရာရှိက ဆိုပါတယ်။

“အမိမြေကို ကယ်တင်ဖို့နဲ့ အနာဂတ်မျိုးဆက်သစ်အတွက် ပတ်ဝန်းကျင်တိုးတတ်အောင်လုပ်ဖို့” လူငယ်တွေကို ဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။ “အက်တာ ပရာဒါက်ရှ်က လူ သန်း(၂၂၀) အတွက် မွေးရပ်မြေဖြစ်တဲ့အတွက် သစ်ပင် သန်း (၂၂၀) ကို စိုက်ပျိုးဖို့ စီစဉ်တာပါ” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ သစ်ပင်တွေကို ထရီလီယံအထိစိုက်ပျိုးတာက ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ပေးမယ့် အထိရောက်ဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။ သစ်ပင်တွေက ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးတယ်လို့ သုတေသိတွေက ဆိုထားပါတယ်။

ဒါပေမဲ့လို့ ကမ္ဘာနေရာဒေသတော်တော်များများမှာ သစ်ပင်တွေကို စိုက်ပျိုးမယ့်အစား သစ်ပင်အရေအတွက်ကြီးကြီးမားမားကို ခုတ်လှဲပစ်နေကြပါတယ်။ သစ်တောပြုန်းတီးမှုက မိုးသစ်တောဧကတော်တော်များများကို နေ့တိုင်း ခုတ်လှဲပစ်ခံနေရတဲ့အမေဇုန်းသစ်တောမှာ အဓိကဖြစ်နေတယ်လို့ သိရပါတယ်။

Ref: CBSNews “India plants 220 million trees in a single day”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top