ရဲ (၁၅) ယောက်ရှိနေတဲ့ စတိုးဆိုင်ထဲကို ဝင်ခိုးမိလို့ အဖမ်းခံလိုက်ရတဲ့ အမျိုးသမီး (၂) ဦး

1e5e8b7e-3d23-4627-84f5-deee2414fa43-Shop_with_a_Cop.jpg

အသက် (၄၀) ရှိပြီဖြစ်တဲ့ ကီနာ ဝီလ်ဆမ် (Keiana Wilson) ဆိုသူနဲ့ အသက် (၁၈) နှစ်အရွယ် ဒန်နာ ဂျွန်ဆန် (Denna Johnson) ဆိုတဲ့ အမျိုးသမီးနှစ်ဦးဟာ ကံမကောင်းလှစွာဘဲ ရဲသား (၁၅) ယောက်ရှိနေတဲ့ စတိုးဆိုင်ထဲကိုမှ ပစ္စည်းတွေဝင်ပြီး ခိုးမိခဲ့ကြတာ ဖြစ်ပါတယ်။

ရဲသား (၁၅) ယောက်ဟာ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် စတိုးဆိုင်က ကျင်းပပြုလုပ်ပေးတဲ့ လက်ဆောင် ရွေးချယ်ပွဲကို ကူညီပေးဖို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ ရဲသားတွေဟာဟာ စတိုးဆိုင်ထဲက ဒေါ်လာ (၂,၀၀၀) တန် လျှပ်စစ်ပစ္စည်းတစ်ခု အခိုးခံလိုက်ရကြောင်းကို သိလိုက်ကြရပါတယ်။

“တကယ်တော့ သူတို့ပစ္စည်းခိုးနေတာကို စတွေ့တာက ဆိုင်ရဲ့ လုံခြုံရေးဝန်ထမ်းဗျ။ ပြီးမှ သူက ရဲတွေကို အကြောင်းကြားလိုက်တာပါ။ အဲဒီအမျိုးသမီးနှစ်ယောက် ထွက်ပြေးဖို့ကြံတဲ့အချိန်မှာ ကျွန်တော်တို့က သူတို့နဲ့ ပေ (၂၀) လောက် အကွာမှာပဲ ရှိနေကြတာလေ”

“ဖမ်းမိပြီး (၁၀) မိနစ်လောက်အကြာမှာ ကျွန်တော့်ကို ရန်ပြန်ပြုနေလို့ တခြား လုံခြုံရေး ဝန်ထမ်း တစ်ယောက်ကိုတောင် လှမ်း အကူအညီတောင်းခဲ့ရသေးတယ်”လို့ ဆိုင်ရဲ့ လုံခြုံရေး ဝန်ထမ်းနဲ့ ရဲအရာရှိတွေက ဖြစ်စဉ်အကြောင်းကို ပြောပြခဲ့ကြပါတယ်။

အမှုနဲ့ပတ်သက်တဲ့ စီရင်ချက်တွေကိုတော့ ဇန်နဝါရီ (၃) ရက်နေ့မှာ ရုံးတင် စီရင်ချက် ချသွားမယ်လို့ သိရပါတယ်။

Ref: Elitereaders “Two Women Arrested For Trying To Rob Store With 15 Cops Inside”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top