လီဗာပူးစီနီယာကစားသမားတွေ အက်ဖ်အေဖလား ပြန်ကန်ပွဲ ကစားမှာမဟုတ်

yyl-024-16.jpg

ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီကာလ အားလပ်ရက်မှာ ကစားမယ့် ရှရှူးဘယ်ရီနဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်မှာမဟုတ်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးဟာ ရှရူးဘယ်ရီနဲ့ပွဲမှာ (၂)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမဲ့ ဂျေဆင်ကမ်းမင်းရဲ့ သွင်းဂိုး(၂)ဂိုးကြောင့် (၂)ဂိုးစီသရေကျခဲ့ပြီး ဖေဖော်ဝါရီလ (၅)ရက် ဒါမှမဟုတ် (၆)ရက်နေ့ကျရင် အန်ဖီးလ်ကွင်းမှာ ပြန်ကန်ပွဲ ကစားရမှာပါ။ ဒါပေမဲ့ လီဗာပူး ပထမအသင်း ကစားသမားတွေနဲ့ ဂျာဂန်ကလော့က အဲဒီပွဲစဉ်မှာ ပါဝင်ကစားမှာမဟုတ်ဘဲ ယူ-၂၃ ကစားသမားတွေနဲ့ နည်းပြ ခရစ်ချ်လေကို ပွဲထုတ်မယ်လို့ ဂျာဂန်ကလော့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဂျာဂန်ကလော့ ဦးဆောင်တဲ့ လီဗာပူးအသင်း စီနီယာကစားသမားတွေက ကမ္ဘာ့ကလပ်ဖလားကစားနေတုန်း လီဗာပူး ယူ-၂၃ အသင်းနည်းပြ ခရစ်ချ်လေက ယူ-၂၃ ကစားသမားတွေကို ဦးဆောင်ပြီး ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဖြစ် ဗီလာနဲ့ ကစားခဲ့ဖူးပါတယ်။ “ပြီးခဲ့တဲ့ဧပြီလမှာ ကျွန်တော်တို့အသင်းအနေနဲ့ ကစားသမားတွေအတွက် ဆောင်းရာသီအားလပ်ရက်ကို လေးစားသင့်တယ်လို့ ပရီးမီးယားလိဂ်က စာပို့ခဲ့ပါတယ်။ အဲဒီကာလအတွင်း နိုင်ငံတကာခြေစမ်းပွဲ ဒါမှမဟုတ် ပြိုင်ပွဲတစ်ရပ်ရပ် ကစားတာမျိုးကို ခွင့်မပြုဘူးလို့ ရေးထားပါတယ်။ ကျွန်တော်တို့ ဒီစာကို လေးစားရမှာပါ။ အဲဒီအတွက် စီနီယာကစားသမားတွေကို အက်ဖ်အေဖလားပြန်ကန်ပွဲ ကစားခိုင်းမှာမဟုတ်ပါဘူး။ လူငယ်တွေကိုပဲ ကစားခိုင်းမှာပါ”လို့ ဂျာဂန်ကလော့က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top