ကိုယ်ပိုင်ရဟတ်ယာဉ်ပျက်ကျလို့ ဂန္ထဝင်ဘတ်စကတ်ဘော ကစားသမားဟောင်း ကိုဘေးဘရိုင်ယန် ကွယ်လွန်

yyl-023-15.jpg

အမေရိကန် ဂန္ထဝင်ဘတ်စကတ်ဘော ကစားသမားဟောင်း ကိုဘေးဘရိုင်ယန်နဲ့ သမီးဖြစ်သူ ဂီယန်နာတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလာဘာဆက်မြို့မှာ ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံးခဲ့ပါတယ်။ အသက် ၄၁ နှစ်ရှိတဲ့ ကိုဘေးဘရိုင်ယန်ဟာ ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတုန်း ရဟတ်ယာဉ်ပျက်ကျပြီး မီးလောင်ပေါက်ကွဲခဲ့တာပါ။ အစောပိုင်းက ရဟတ်ယာဉ်ပေါ်မှာ လူ ၅ ယောက် ပါဝင်တယ်လို့ သတင်းဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ်ပေါ်မှာ လူ ၉ ယောက် ပါဝင်ခဲ့တယ်လို့ ပြင်ဆင်ဖော်ပြခဲ့ပါတယ်။ ရဟတ်ယာဉ်ပျက်ကျပြီး မီးလောင်ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်မှာ လူတစ်ယောက်မျှ အသက်မရှင်ဘူးလို့ လော့စ်အိန်ဂျလိစ်ကောင်တီ တရားဥပဒေစိုးမိုးရေးအရာရှိက ပြောပါတယ်။

NBA ချန်ပီယံ(၅)ကြိမ် ဆွတ်ခူးခဲ့တဲ့ ကိုဘေးဘရိုင်ယန်ဟာ ဘတ်စကတ်ဘောသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ မတော်တဆဖြစ်ရပ်ကြောင့် ကိုဘေးဘရိုင်ယန် ကွယ်လွန်သွားခဲ့လို့ လူတော်တော်များများ တုန်လှုပ်ခဲ့ရပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အားကစားကြယ်ပွင့်တွေက ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံတစ်ဝန်း ကျင်းပတဲ့ ဘတ်စကတ်ဘော ပွဲစဉ်တွေမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Los Angeles Lakers အသင်းရဲ့ ကွင်းမှာ ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာလည်း ကိုဘေးဘရိုင်ယန်အတွက် အထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top