CIA ရဲ့ကူညီမှုကြောင့် ရုရှားမြေမှာ အကြမ်းဖက် တိုက်ခိုက်မယ့်အစီအစဉ်ကို တားဆီးနိုင်ခဲ့

eight_col_71320756_l.jpg

ရုရှား လုံခြုံရေးတပ်ဖွဲ့တွေဟာ အမေရိကန် CIA ထောက်လှမ်းရေးအဖွဲ့ရဲ့ အကူညီကြောင့် ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာဂ်ျ (St Petersburg) ဘုရားကျောင်းအတွင်း အကြမ်းဖက် တိုက်ခိုက်မယ့်အစီစဉ်ကို ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဟာ ရုရှား စိန့်ပီတာစ်ဘာဂ်ျမြို့မှာ အကြမ်းဖက်သမားတွေက ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေတာကို ရုရှားကို သတင်းအချက်လက် ပေးခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင်ဟာ သတင်းပေးမှုနဲ့ပတ်သက်လို့ အမေရိကန်သမ္မတဆီ ဖုန်းဆက်ပြီးကျေးဇူးတင်ကြောင်း ဆိုခဲ့တယ်လို့ ရုရှားအစိုးရအဖွဲ့က ပြောပါတယ်။

ရုရုား လုံခြုံရေးတပ်ဖွဲ့တွေဟာ ကာဇန်စကီးဘုရားကျောင်း (Kazansky Cathedral) နဲ့ ရုရှားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာစ်ဘာဂ်ျမြို့ရှိ အခြားနေရာတွေကို ဗုံးခွဲ တိုက်ခိုက်ဖို့ သံသယရှိတဲ့အုပ်စု ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရုရှား လုံခြုံရေးအေဂျင်စီတွေဟာ အမေရိကန်နိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအလားလာတွေကို သတင်းအချက်လက်ရပါက အမေရိကန်အစိုးရဆီ ပေးပို့ ကူညီသွားမယ်လို့ ပြောခဲ့ပါတယ်။ ရုရှား လုံခြုံရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်သူ ၇ ဦးကို ပေါက်ကွဲစေတဲ့ပစ္စည်းတွေ၊ လက်နက်တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီအကြမ်းဖက်အဖွဲ့စည်းဟာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Ref : Independent : CIA ‘helped Russia foil terror attack

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top