တင်းနစ်ဘောလုံး အရွယ်အစားရှိ ၁၁၀၉ ကာရက်စိန်

67fd377a3cdc9c1fe044b60ef1389b65.jpg

ကနေဒါနိုင်ငံမှ လူကာရာ စိန်ကော်ပိုရေးရှင်းအဖွဲ့ဟာ (Canada’s Lucara Diamond Corp) ဟာ ပြီးခဲ့တဲ့နွေရာသီ လေလံပွဲမှာ ကမ္ဘာအကြီးဆုံး စိန်အရိုင်းတုံးကို မရောင်းချနိုင်ခဲ့တဲ့နောက် အခုဆိုရင် ထိုစိန်အရိုင်းတုံးကို အပိုင်းပိုင်းဖြတ်ပြီး ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီစိ န်အရိုင်းတုံးဟာ စုစုပေါင်း ၁၁၀၉ ကာရက်ခန့်ရှိပြီး အာဖရိကတိုက် တောင်ဘက်ပိုင်းရှိ ဘောစဝါနာနိုင်ငံ (Botswana)၊ ကာရိုဝီ မိုင်းတွင်း(Karowe) မှ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီစိန်တုံးကို  ဘောစဝါနာဘာသာစကားအရ “ငါတို့ရဲ့ အလင်းရောင်” လို့ ခေါ်ပါတယ်။

ယခု တူးဖော်ရရှိခဲ့တဲ့စိန်တုံးဟာ အနည်းဆုံး ၂.၅ မှ ၃ ဘီလီယံနှစ်ခန့် ရှိနိုင်ပြီး လေလံပွဲမှာ ဒေါ်လာ သန်း ၆၀ မှ သန်း ၇၀ အတွင်း ဈေးစဖွင့်ခဲ့ပေမဲ့ ရောင်းထွက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

“ယခုကျွန်တော်တို့ ရခဲ့တဲ့စိန်ဟာ လူသမိုင်းတစ်လျှောက်မှာ တူးဖော်ရရှိခဲ့သမျှ စိန်များအနက် ကာရက် ၁၀၀၀ ကျော်တဲ့ ဒုတိယ စိန်တုံးဖြစ်ပါတယ်။ ဒီစိန်ရိုင်းတုံးကို သွေးပစ်ရမှာ နှမြောစရာပါ။ စိန်ရိုင်းတုံး တစ်တုံးကို သွေးရတဲ့လုပ်ငန်းဟာ ကာရက်ရာကျော်ရှိတဲ့ စိန်တုံးတစ်တုံးဆိုရင်တောင် လပိုင်းကနေ နှစ်နဲ့ချီပြီး အချိန်ယူရပါတယ်။” လို့ လူကာရာ အဖွဲ့ရဲ့ CEO ဖြစ်သူ ဝီလီယမ် လမ့် (William Lamb) ကပြောဆိုခဲ့ပါတယ်။

လူကာရာ စိန်ကော်ပိုရေးရှင်းမှ ရင်းနှီးမြှပ်နှံသူများရဲ့ ဆန္ဒအရ ဒီစိန်ရိုင်းတုံးကြီးကို အမြန်ရောင်းချဖို့ လိုအပ်နေပေမဲ့ သမိုင်းတစ်လျှောက် တူးဖော်ရရှိခဲ့တဲ့ ဒုတိယအကြီးဆုံး စိန်ရိုင်းတုံးကြီးကို ဝယ်ယူမယ့် သူကတော့ နည်းပါးနေတယ် လို့သိရပါတယ်။ လူကာရာအဖွဲ့ရဲ့ CEO ဖြစ်သူ လမ့်ကတော့ ဒီစိန်ရိုင်းတုံးကို သွေးပြီး ပြန်လည်ရောင်းချမယ့် လုပ်ငန်းစဉ်ဟာ အန္တရာယ်များလွန်းတယ် လို့ဆိုခဲ့ပါတယ်။ ဒါ့ကြောင့် လူကာရာအဖွဲ့အနေနဲ့ တခြားသော စီးပွားရေး လုပ်ငန်းရှင်များနဲ့ ပေါင်းပြီး ဒီစိန်ရိုင်းတုံးကို သွေးဖို့ နည်းလမ်းကိုလည်း စဉ်းစားနေတယ် လို့သိရပါတယ်။

လူကာရာ အဖွဲ့ဟာ X-ray transmission sensors (XRT) နည်းပညာကို အသုံးပြုထားတဲ့ စိန်ရှာဖွေရေးစနစ်ကို တပ်ဆင်ခဲ့ပြီး နောက်ပိုင်းမှာပဲ ယခုတွေ့ရှိခဲ့တဲ့ ၁၁၀၉ ကာရက်စိန်အပြင် ၈၁၃ ကာရက်ရှိတဲ့ စိန်နဲ့ ၃၇၄ ကာရက်ရှိတဲ့စိန် ၁ လုံးကို ၂ ရက်သာ ခြားပြီးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၈၁၃ ကာရက်ရှိတဲ့ စိန်ကိုတော့ ဒူဘိုင်း ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၆၃ သန်းနဲ့ ရောင်းချနိုင်ခဲ့ပြီး ၃၇၄ ကာရက်ရှိတဲ့စိန် ကိုတော့ ဒေါ်လာ ၁၇.၅ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

Ref : Fortune News : This 1,109-Carat Rough Diamond Is Too Big to Sell

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top