သွေးကြောထဲဝင်ရောက်ပြီး ကင်ဆာဆဲလ်တွေ ဖယ်ရှားပေးနိုင်မယ့် nanobot ကို တောင်ကိုရီးယားသိပ္ပံပညာရှင်တွေ တီထွင်

nanorobots.jpg

သွေးကြောထဲ ဝင်ရောက်ပြီး အကြိတ်တွေကို ဖယ်ရှားပေးနိုင်မယ့် အလွန်သေးငယ်တဲ့ စက်ရုပ်ငယ်တွေကို တောင်ကိုရီးယားသိပ္ပံပညာရှင်တွေက တီထွင်ဖန်တီးခဲ့ကြပါတယ်။

ဘူဆန်မြို့ ဆေးဝါးဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်တွေ ဖန်တီးလိုက်တဲ့ nanobot တွေက သွေးကြောထဲ ဝင်ရောက်ပြီး ဆေးဝါး ပို့ဆောင်တာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က ကုသနည်း ဖြစ်ပါတယ်။

nanobot တွေကို အိုင်းယွန်းအောက်ဆိုက်နဲ့ တည်ဆောက်ထားပြီး ပိုလီမာအခွံအုပ်ထားတာပါ။ သွေးကြောထဲ ရောက်သွားပြီဆိုတာနဲ့ သံလိုက်စက်ကွင်းအသုံးပြုကာ nanobot တွေကို အကြိတ်တွေရှိရာ ဦးတည်စေပါတယ်။ nanobot တွေဟာ ကင်ဆာတစ်သျှူးတွေ ပတ်ဝန်းကျင်မှာရှိတဲ့ အက်ဆစ်အစုအဝေးကို ရှာဖွေဆန်းစစ် အတည်ပြုပြီး အကြိတ်အမှေးကို ထိုးဖောက်ကာ အပူလှိုင်း ထုတ်လွှတ်ပါတယ်။

အဲဒီအပူလှိုင်းက တစ်သျှူးတွေကို ထိခိုက်လောင်ကျွမ်းစေမှာ မဟုတ်ဘဲ ကင်ဆာဆဲလ်ရဲ့ ပရိုတိန်းတွေကိုသာ ဖျက်စီးလိုက်မှာ ဖြစ်ပါတယ်။ ကုသမှု ပြီးဆုံးသွားရင်တော့ nanobot ပြိုကွဲသွားမှာဖြစ်ပြီး လူ့ခန္ဓာကိုယ်က စုပ်ယူနိုင်တဲ့ အန္တရာယ်မဖြစ်စေနိုင်သော သံအိုင်းယွန်းတွေအဖြစ် ပြောင်းလဲသွားမှာပါ။

ကြွက်တွေမှာ ကနဦး စမ်းသပ်စစ်ဆေးမှုအရ ဒီကုသနည်းဟာ ၅ ရက်အတွင်း အကြိတ်တွေကို ၉၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေတာ တွေ့ရပါတယ်။

Ref: South Korean Scientists Develop Cancer-Treating Nanorobots

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top