ဖေ့ဘွတ်ခ်က ဝယ်ခဲ့တဲ့ ပြတင်းတံခါးတစ်စုံ လေလံပွဲမှာ ဒေါ်လာ ၂ သိန်းကျော် ရမယ်လို့ ခန့်မှန်း

25.5.2023-yyl-1.jpg

See SWNS story SWNAwindows. A pair of dirty windows bought on Facebook are set to sell for £200,000. Antiques hunter Paul Brown, from Pennsylvania, paid £4,800 for various items from a church set for demolition. The salvage from St. Paul’s Presbyterian Church in West Philadelphia included the stained glass windows - which were discovered to be made by noted company Tiffany.

ဘုရားကျောင်းကို ဖြိုဖျက်ချိန်မှာ ဖေ့ဘွတ်ခ်ကနေ ဝယ်ယူခဲ့တဲ့ ပြတင်းပေါက်တစ်စုံဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၂၅၀၀၀ အထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားအနောက်ပိုင်းမှ စိန့်ပေါလ် Presbyterian ဘုရားကျောင်းကို ဖြိုဖျက်ချိန်မှာ ရှေးဟောင်းပစ္စည်း ရှာဖွေစုဆောင်းသူ ပေါလ်ဘရောင်းက ပစ္စည်းဟောင်းတွေကို ဒေါ်လာသောင်းဂဏန်းဖိုး ဝယ်ယူခဲ့တာပါ။

အဲဒီပစ္စည်းဟောင်းတွေထဲမှာ Tiffany Glass Studios က လုပ်ထားတဲ့ ဒီမှန်တံခါးချပ်တွေ ပါဝင်လာတာပါ။ ဒါဟာ လေလံပြပွဲတစ်ခုမှာ Tiffany Glass Studios က လုပ်ထားတဲ့ မှန်တံခါးချပ်တွေကို ပထမဆုံးအကြိမ် လေလံတင် ရောင်းချမှုဖြစ်ပါတယ်။ စိန့်ပေါလ်ဘုရားကျောင်းရဲ့ တံခါးနှစ်ချပ်ကို ၁၉၀၄ ခုနှစ်မှာ စလုပ်ခဲ့တာဖြစ်ပြီး ၁၉၀၆ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့တာပါ။

ပေါလ်ဘရောင်းဟာ စိန့်ပေါလ်ဘုရားကျောင်းက တံခါးနှစ်ချပ်ကို ဖေ့ဘွတ်ခ်ပေါ်မှာ တွေ့ခဲ့တာပါ။ ဒီတံခါးချပ်တွေက Tiffany Studios ကုမ္ပဏီက လုပ်ထားမှန်း သိခဲ့တဲ့နောက်မှာတော့ သူက တံခါးချပ်တွေကို ထုတ်ယူဖို့ အလုပ်သမား ငှားခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄၀၀၀ အကုန်အကျခံကာ လက်ရာမပျက် ထိန်းသိမ်းမွမ်းမံခဲ့တယ်လို့ ဆိုပါတယ်။

Ref: Pair of Dirty Windows Purchased on Facebook Are Set to Sell for $200,000

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top