အိပ်ခန်းကို ဟော့ဂ်ဝပ်မှော်ပညာ ကျောင်းတော်ကြီးအသွင် ဖန်တီးလိုက်တဲ့အခါ

yyl-7-9-001.jpg

ဝီလ်လို (Willow) ဆိုတဲ့ ကောင်မလေးဟာ ဟယ်ရီပေါ်တာစီရီးကို ကြိုက်နှစ်သက်သူတစ်ဦးပါ။ သူ့မိခင်ကလည်း သူ့သမီးအကြိုက်ကို သိပြီး သူ့သမီးရဲ့အလိုဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ အိပ်ခန်းကို ဟယ်ရီပေါ်တာဇာတ်ကားထဲက ဟော့ဂ်ဝပ်မှော်ပညာကျောင်းတော်ကြီး အသွင်ဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝီလ်လိုရဲ့အိပ်ခန်းလေးဟာ ဟော့ဂ်ဝပ်မှော်ပညာကျောင်းတော်ကြီး လိုမျိုးဖြစ်သွားအောင် အချိန်တိုအတွင်းမှာ ကြိုးစားပြီးဖန်တီးခဲ့ရပါတယ်။ သူ့အိပ်ခန်းမှာ နေရာလွှတ်မကျန်အောင် ဖန်တီးပုံဖော်ခဲ့ရပါတယ်။ ဟယ်ရီပေါ်တာဇာတ်ကားထဲကအတိုင်း အိုဟောင်းနေတဲ့သေတ္တာကြီးကိုပါ ထည့်ထားပြီး အဲဒီသေတ္တာပေါ်မှာ သူ့နာမည်ကို လှလှလေးရေးထားတဲ့အပြင် ရွှေရောင်ဟော့ဂ်ဝပ်မှော်ပညာသင်ကျောင်းတော်ကြီးရဲ့ အမှတ်အသားလေးလည်း ရိုက်နှိပ်ထားပါတယ်။

တံမြတ်စည်းစီးနေတဲ့ ဟယ်ရီပေါ်တာနဲ့ ဟော့ဂ်ဝပ်မှော်ပညာ သင်ကျောင်းပန်းချီကားကြီးကိုလည်း အခန်းနံရံမှာ ဆွဲထားပါသေးတယ်။ မီးခလုတ်နားမှာက ရူးဘီရပ် ဟက်ဂရစ်ရဲ့အိမ်သေးသေးလေးနဲ့ တောအုပ်ကြီးကို ဖန်တီးထားပါတယ်။ စာကြည့်စားပွဲနားမှာလည်း ဟော့ဂ်ဝပ်မှော်ပညာသင် ကျောင်းထဲဝင်ပြီး စာသင်ရသလိုခံစားရအောင်လည်း ဖန်တီးပုံဖော်ပေးထားပါတယ်။

အိပ်တဲ့ကုတင်ကလည်း ဟယ်ရီပေါ်တာဇာတ်ကားထဲကလို အိပ်ဆောင်မျိုးလေး ဖန်တီးထားတဲ့အပြင် ကုတင်ဘေးမှာ ပုံပြင်စာအုပ်စင်လေးလည်း ပြုလုပ်ထားပေးပါတယ်။ အိပ်ခန်းနံရံမှာ ပုံတူပန်းချီကားတွေ၊ ဓာတ်ပုံတွေကို ချိတ်ဆွဲထားပြီး မှော်ကျောင်းဝတ်စုံကိုလည်း ချိတ်ထားပါသေးတယ်။ အိပ်ခန်းထဲမှာ စာအုပ်စင်တစ်ခုရှိပါတယ်။ အဲဒီစာအုပ်စင်မှာ စာအုပ်တွေအပြင် ဆေးရည်ပုလင်းတွေ၊ ပုလင်းအလွတ်တွေကို အလှတင်ထားပါတယ်။

ဝီလ်လိုရဲ့အိပ်ခန်းကို နေရာအလွတ်မကျန် သူ့မိခင်က ဖန်တီးအလှဆင်ပေးလိုက်တဲ့အတွက် ဟယ်ရီပေါ်တာကားထဲက ဟော့ဂ်ဝပ်မှော်ပညာသင်ကျောင်း ပုံစံလိုမျိုးဖြစ်သွားပါတယ်။ ဟယ်ရီပေါ်တာဇာတ်ကား ကြိုက်တဲ့သူတွေကတော့ ဝီလ်လိုရဲ့အိပ်ခန်းလေးလို ပြင်ဆင်ချင်ကြမယ်ထင်ပါတယ်။

Ref: Boredpanda “I Decided To Turn My Daughter’s Bedroom Into Hogwarts”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top