ရေနစ်နေတဲ့မြင်းကို ကယ်တင်ဖို့ အေးခဲနေတဲ့ရေနုတ်မြောင်းထဲကို ခုန်ချခဲ့တဲ့ကောင်လေး

intl01.jpg

အခုနောက်ပိုင်း အခြားသူတွေရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့သတင်းတွေကို တော်တော်များများတွေ့နေရပါတယ်။ အခုလည်း ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ရေနစ်နေတဲ့ မြင်းတစ်ကောင်ကို ကယ်တင်ဖို့အတွက် အေးခဲနေတဲ့ရေနုတ်မြောင်းထဲကို ခုန်ချခဲ့တယ်ဆိုတာပါပဲ။ အဲဒီကောင်လေးက ကယ်ဆယ်ရေးတွေရောက်လာတဲ့အထိ မြင်းရဲ့ခေါင်းကို ရေမမွှန်းအောင် (၁) နာရီကျော်လောက်ထိ ကိုင်ထားပေးခဲ့တယ်လို့ သိရပါတယ်။

အသက် (၁၃) နှစ်အရွယ် ကာမီရွန် မာတင် (Cameron Martin) ဆိုတဲ့ ကောင်လေးဟာ ရေနစ်နေတဲ့ မြင်းကို ကယ်တင်ဖို့အတွက် ရေနုတ်မြောင်းထဲခုန်ချပြီးတဲ့နောက်မှာ သူ့ကို လူအများက ဟီးရိုးအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ Lowestoft မှာ နေထိုင်တဲ့ ကာမီရွန်က ရေနစ်နေတဲ့မြင်းရဲ့ဦးခေါင်းကို ကိုင်ထားဖို့အတွက် အားကုန်သုံးခဲ့ပြီး အော်ဟစ်ကာ အကူအညီတောင်းခံခဲ့တာပါ။ “ကျွန်တော်ရဲ့မြင်းပုလေးကို ကြည့်ဖို့ လယ်ကွင်းထဲသွားတော့ ပိုင်ရှင်ရဲ့မြင်းတွေထဲကတစ်ကောင်က ခါတိုင်းရှိနေကျနေရာမှာ မရှိတာကို ကျွန်တော်သတိထားမိခဲ့တယ်။ ကျွန်တော်ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ပြီး အရင်ဆုံး ရေနုတ်မြောင်းတွေကို စစ်ဆေးကြည့်ရမယ်ဆိုတဲ့အတွေးဝင်လာခဲ့ပါတယ်။ ရေထဲမှာ ရုန်းကန်နေတဲ့မြင်းကို ကျွန်တော် မြင်းခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်လုပ်ရမယ့်အရာကို လုပ်ခဲ့တယ်”လို့ ကာမီရွန်က ပြောပါတယ်။

ကာမီရွန်က အော်ဟစ်ပြီး အကူအညီတောင်းဖို့ကြိုးစားခဲ့တာ အချိန် (၁)နာရီ ကြာခဲ့ပါတယ်။ နောက်ဆုံးတော့ ကူညီပေးမယ့်သူရောက်လာခဲ့ပြီး ရေထဲကနေ မြင်းကို ခေါ်ထုတ်ဖို့ စက်ယန္တရားကို အသုံးပြုခဲ့ပါတယ်။ မြင်းကို ကယ်တင်ပြီးတဲ့နောက်မှာ ရေပူနဲ့ရေချိုးပွတ်တိုက်ပေးခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက ကာမီရွန်ကို စောင့်ရှောက်ပေးနေခဲ့တဲ့ တန်ရာ ဒေါ့ဝါရာ စမစ် (Tanya Docwra-Smith) က “ရေနုတ်မြောင်းရဲ့ဘေးမှာ လက်ဟန်ခြေဟန်နဲ့ ပြောနေတဲ့ ကာမရွန်ကို ကျွန်မတို့ မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာလုပ်နေတာလဲဆို မသိခဲ့ဘူး။ သူ ရေထဲခုန်ပြီး ရေထဲကနေပြန်ထွက်လာလိုက်ဖြစ်နေပါတယ်။ အရမ်းကြောက်ဖို့ကောင်းတယ်။ မြင်း ရေနစ်နေတာကို ရပ်တန့်ဖို့အတွက် ခေါင်းကို ကိုင်ထားပေးနေခဲ့တာပါ။ မြင်းတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ ကာမီရွန်သိတယ်။ ဒါကြောင့် ရေနုတ်မြောင်းထဲကို ခုန်ချပြီး လက်ယမ်းပြကာ အကူအညီတောင်းနေခဲ့တာပါ။ မြင်းကို ဒီအတိုင်းထားခဲ့ရင် သေသွားနိုင်တယ်ဆိုတာ သူသိတယ်။ ဒီမြင်ကွင်းက ကြောက်စရာကောင်းပါတယ်။ ကာမီရွန် အေးခဲနေခဲ့ပါတယ်။ ကျွန်မတို့က မြင်းရဲ့အသက်ကို ကယ်တင်ခဲ့တာလို့ ကာမီရွန်က အကျောက်အကန်ပြောနေခဲ့တာပါ”လို့ ပြောပါတယ်။

မြင်းပိုင်ရှင်ကလည်း မြင်းကိုကယ်တင်ပေးခဲ့တဲ့အတွက် ကာမရွန်ကို အရမ်းကျေးဇူးတင်နေပြီး ဟီးရိုးအဖြစ်တောင် အသိအမှတ်ပြုထားပါတယ်။

Ref: Ladbible “Boy Jumps Into Freezing Canal To Rescue Drowning Horse”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top