၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့သူ ပေါ်လိုရော့စီ ကွယ်လွန်

10-12-2020-yyl-001.jpg

အီတလီအသင်းနဲ့အတူ ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ ဘောလုံးသမားဟောင်း ပေါ်လိုရော့စီကတော့ အသက် ၆၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ့ဇနီး ကက်ပယ်လက်တီက သူတို့တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ” ထာဝရ”ဆိုတဲ့ စာသားနဲ့အတူ အင်စတာဂရမ်ပေါ် တင်ခဲ့ပါတယ်။


ပေါ်လိုရော့စီက ၁၉၈၂ ခုနှစ် စပိန်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်၊ အကောင်းဆုံးကစားသမားဆုတွေ ဆွတ်ခူးခဲ့သူပါ။ ကမ္ဘာ့ဖလား ဆွတ်ခူးမယ်လို့ ရေပန်းစားနေတဲ့ ဘရာဇီးအသင်းကို ပေါ်လိုရော့စီရဲ့ ဟက်ထရစ်ဂိုးနဲ့အတူ ဖြုတ်ချနိုင်ခဲ့တာက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အကြီးကျယ်ဆုံးပွဲစဉ်တစ်ပွဲ ဖြစ်တယ်လို့ ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။

ပေါ်လိုရော့စီဟာ လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့လို့ ၂ နှစ်ကြာ ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရလို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်လုနီးပါး ဖြစ်ခဲ့ပြီးမှ ပါဝင်ကစားခွင့်ရခဲ့တာပါ။ သူဟာ ဂျူဗင်တပ်၊ အေစီမီလန်အသင်းတွေအပါအဝင် စီးရီးအေကလပ် တော်တော်များများမှာ ကစားခဲ့ဖူးပြီး ဗီဆင်ဇာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်ပါ။

သူဟာ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှာ ဘောလုံးလောကကနေ အနားယူခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှာ ဘရာဇီးဂန္ထဝင်ကစားသမား ပီလီရွေးချယ်တဲ့ သက်ရှိထင်ရှား ဂန္ထဝင်ကစားသမား ၁၂၅ ယောက်စာရင်းမှာ ပေါ်လိုရော့စီ ပါဝင်ခဲ့ပါတယ်။

Ref: BBC ” Paolo Rossi, Italy’s 1982 World Cup hero, dies aged 64″

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top