သူ့ရဲ့Dating သတင်းနဲ့ ပတ်သက်ပြီး လိုရင်းတိုရှင်းဖြေကြားသွားခဲ့တဲ့ ပတ်ဆိုးဂျွန်

21.6.2023-yyl-၂.jpg

မနေ့က YouTuber ကောင်မလေးနဲ့ ချစ်သူတွေဖြစ်နေတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ မင်းသားပတ်ဆိုးဂျွန်က ဇွန်လ ၂၁ ရက်နေ့မှာ Concrete Utopia ဇာတ်ကားရဲ့သတင်းစာရှင်းလင်းပွဲကို မင်းသားလီဗြောင်ဟွန်း၊ မင်းသမီးပတ်ဘိုယောင်၊ ဒါရိုက်တာတို့နဲ့အတူ တက်ရောက်လာခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ Dating သတင်းနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ဖြေကြားပေးခဲ့ပါတယ်။
သူက “လက်ရှိ ဇာတ်လမ်းတွဲအသစ်ရိုက်ကူးနေတာကြောင့် အလုပ်များနေလို့ ဒီသတင်းကို နည်းနည်းနောက်ကျမှ သိခဲ့ရပါတယ်။

ကျွန်တော့်ရဲ့အချစ်ရေးသတင်းကို ပရိသတ်တွေ စိတ်ဝင်တစားရှိနေကြတယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော့်အကြောင်း စိတ်ဝင်စားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာအကြောင်း ထုတ်ပြောပြဖို့ကတော့ စိတ်ကသိကအောက်ဖြစ်သလို ခံစားရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောဖို့က ကျွန်တော့်အတွက် ခက်ခဲဖြစ်မှာဆိုးမိတယ်။ ကျေးဇူးပြုပြီး “Concrete Utopia” အပေါ် အာရုံစိုက်ပေးကြပါ”လို့ ဖြေကြားသွားခဲ့ပါတယ်။

မင်းသားပတ်ဆိုးဂျွန်နဲ့ YouTuber xooos တို့ရဲ့အချစ်ရေးသတင်းကို နှစ်ဦးနှစ်ဘက်လုံးရဲ့အေဂျင်စီကလည်း ငြင်းဆိုထားခြင်းမရှိသလို အတည်ပြုထားခြင်းလည်းမရှိပါဘူး။ အနုပညာရှင်ရဲ့ကိုယ်ရေးကိုယ်တာမို့ အတည်ပြုပေးဖို့ ခက်ခဲတယ်လို့ မနေ့က ထုတ်ပြန်သွားခဲ့တာပါ။

ဒီသတင်းနဲ့ဆက်စပ်သတင်းဖတ်ရှုရန် – အဆိုတော်၊ YouTuber ကောင်မလေးနဲ့ မင်းသားချောပတ်ဆိုးဂျွန်တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိလာ

Ref: Park Seo Joon briefly comments on his dating rumors at press conference for ‘Concrete Utopia’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top