ပါတီပွဲကျင်းပတဲ့ အဆောက်အအုံတွေကို ရေ၊ မီး ဖြတ်မယ်လို့ လော့စ်အိန်ဂျလိစ် မြို့တော်ဝန် ပြော

7-8-2020-yyl-010.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ ကန့်သတ်ပိတ်ပင်မှုတွေ ချမှတ်ထားပေမဲ့ ပါတီပွဲကြီးတွေနဲ့ စုဝေးပွဲတွေ ကျင်းပနေတဲ့ အဆောက်အအုံတွေကို ရေ၊ မီး ဖြတ်တောက်ဖို့ ညွှန်ကြားမယ်လို့ လော့စ်အိန်ဂျလိစ်မြို့တော်ဝန်က ပြောပါတယ်။ အဲဒီညွှန်ကြားချက်ဟာ သြဂုတ်လ ၇ ရက်မှာ စတင်အကျုံးဝင်မှာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၃၂,၀၀၀ ကျော် ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်မှု အဆိုးရွားဆုံးပြည်နယ်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉,၈၇၂ ယောက် ရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့အထိ ရောဂါကူးစက်ခံရသူ ၁၉၇,၉၁၂ ယောက်ရှိတဲ့ လော့စ်အိန်ဂျလိစ်ကောင်တီဟာလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ ကူးစက်မှုအများဆုံး ကောင်တီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ဖျော်ဖြေရေးခန်းမတွေမှာ ဆိုင်တွင်းလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ကပ်ရောဂါကာလအတွင်း နေအိမ်ပါတီပွဲ တော်တော်များများ ကျင်းပခဲ့တယ်လို့ လော့စ်အိန်ဂျလိစ်မြို့အာဏာပိုင်တွေက ဆိုပါတယ်။ အခုတစ်ပတ်အစောပိုင်းက လော့စ်အိန်ဂျလိစ်မြို့၊ ဘာဗလီခရက်ရပ်ကွက်က လူ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့တဲ့ ပါတီပွဲမှာ အမျိုးသမီးတစ်ယောက် သေနတ်ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top