မိဘသေဆုံးပြီး လေးနှစ်အကြာမှ ကလေးတစ်ဦးမွေးဖွား

baby-born-in-china-four-years-after-death-of-parents-in-a-car-crash-1523558285-3069.jpg

တရုတ်နိုင်ငံရှိ လင်မယားနှစ်ဦးဟာ ကားအက်ဆီးဒင့်ကြောင့် သေဆုံးပြီး လေးနှစ်အကြာမှာ အငှားကိုယ်ဝန်ဆောင်နဲ့ သူတို့ရဲ့ ကလေးငယ် မွေးဖွားခဲ့ကြောင့် BBC က ဖော်ပြထားပါတယ်။

တိုင်တီရန် (Tiantain) လို့အမည်ပေးထားတဲ့ ဒီကလေးငယ်ကို ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ မျိုးဥထည့်ကာ အငှားကိုယ်ဝန်ဆောင်နဲ့ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်မှာ မိဘတွေ မရှိတော့ပေမဲ့လည်း ကလေးငယ်ရဲ့ အဘိုးအဘွား ၄ဦးက ကလေးရဲ့ DNA ကို စစ်ဆေးပြီး မျိုးရိုးတော်စပ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

တိုင်တီရန်ရဲ့ မိဘတွေဟာ မျိုးဥ ပေါင်းစပ်တဲ့ နည်းလမ်းနဲ့ ကလေးရယူဖို့ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပြီး သူတို့နှစ်ဦး သေဆုံးပြီးနောက်မှာ အဘိုး အဘွားဖြစ်သူတွေက နိုင်ဂျင်းဆေးရုံရဲ့ နိုင်ထရိုဂျင်အရည်ကန်အတွင်း အေးခဲခံထားသော မျိုးဥတွေကို ဆက်ခံရယူခွင့်ရဖို့ အချိန်ကြာမြင့်စွာ တရားရင်ဆိုင်ခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ ဒီ အဘိုးအဘွားတွေက မျိုးဥတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိသွားခဲ့ကြပါတယ်။

နောက်ထပ် ပြဿနာတစ်ရပ်ကတော့ အငှားကိုယ်ဝန်ဆောင်ပေးမယ့်သူကို ရှာဖွေတာပါ။ တကယ်တော့ တရုတ်နိုင်ငံမှာ ဒီလိုပြုလုပ်ခြင်းက တရားမဝင်တာကြောင့် သူတို့ဟာ နိုင်ငံရပ်ခြားကို သွားရောက် ရှာဖွေခဲ့ကြပါတယ်။

နောက်ဆုံးမှာ မျိုးဥထည့်ပြီး အငှားကိုယ်ဝန်ဆောင်တာကို တားမြစ်ခြင်းမရှိတဲ့ လာအိုနိုင်ငံမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း မျိုးဥထည့်ထားတဲ့ နိုက်ထရိုဂျင်သာမို အရည်ကို ဘယ်လေကြောင်းလိုင်းကမှ သယ်ယူခွင့်မပြုတာကြောင့် မျိုးဥတွေကို နယ်စပ်မှတဆင့် ကားနဲ့ ပို့ဆောင်ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

ကလေးငယ် တိုင်တီရန် တရုတ်နိုင်ငံသားဖြစ်စေဖို့ မျိုးဥထည့် အငှားကိုယ်ဝန်ဆောင်သူကို တရုတ်နိုင်ငံကို လာစေပြီး တရုတ်နိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားဗီဇာနဲ့ မွေးဖွားစေခဲ့ပါတယ်။ BBC ပြောကြားချက်အရ မိသားစုရဲ့ မျိုးဆက်သစ်ကို ရရှိတော့မှာ ဖြစ်တာကြောင့် အဘိုးအဘွားတွေဟာ အင်မတန် ဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။

Ref : A Baby Was Born in China Four Years After His Parents Died

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top