ပြင်သစ်၊ စပိန်၊ ရုရှားနိုင်ငံတို့အပါအဝင် ဥရောပနိုင်ငံတွေမှာ ပိတ်ဆို့မှုစည်းမျဉ်းတွေကို ဖြေလျှော့ပေး

12-5-2020-yyl-008.jpg

ဥရောပတိုက်မှာ COVID-19 ရောဂါ ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ စပိန်၊ ပြင်သစ်၊ ရုရှားနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ ကန့်သတ်ပိတ်ပင်မှုတွေကို ဖြေလျှော့ပေးလိုက်ပါပြီ။ ၈ ပတ်ကြာ ကန့်သတ်ပိတ်ပင်မှုလုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံမှာ ပိတ်ပင်မှုစည်းမျဉ်းတွေ ဖြေလျှော့လိုက်လို့ သန်းချီတဲ့ အလုပ်သမားတွေက လုပ်ငန်းခွင် ပြန်ဝင်နိုင်ခဲ့ပါတယ်။ ကျောင်းတွေ၊ ဈေးဆိုင်တွေကိုလည်း ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်နိုင်ငံမှာ အနီရောင်ဇုန်နဲ့ အစိမ်းရောင်ဇုန်ဆိုပြီး နှစ်မျိုးခွဲခြားထားလို့ ပါရီမြို့အပါအဝင် တချို့ဒေသတွေကတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံနေရဆဲပါပဲ။ ပြင်သစ်နိုင်ငံမှာ မတ်လ ၁ ရက်နောက်ပိုင်း COVID-19 ကြောင့် လူ ၂၆၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ရုရှားနိုင်ငံမှာလည်း မေလ ၁၂ ရက်ကစပြီး နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးလိုက်လို့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်တော့မှာပါ။ ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ ချမှတ်ခဲ့တဲ့ အလုပ်မလုပ်ရကာလဟာ ၆ ပတ်အထိ ကြာမြင့်ခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၂၀၀၀၀ ကျော် ရှိလာပြီး သေဆုံးသူ ၂၀၀၀ ကျော် ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top