ကက်ရှ်မီးယားဒေသမှာ ရေခဲနဲ့ဆီးနှင်းပြိုကျလို့ အနည်းဆုံး လူ ၅၅ ယောက်သေဆုံး

yyl-024-7.jpg

ပါကစ္စတန်နိုင်ငံက စီမံခန့်ခွဲနေတဲ့ ကက်ရှ်မီးယားဒေသမှာ ရေခဲနဲ့ ဆီးနှင်းပြိုကျတာ၊ မြေပြိုကျတာတွေကြောင့် အနည်းဆုံး လူ ၅၅ ယောက် သေဆုံးပြီး လူ ၁၀ ယောက် ပျောက်ဆုံးနေပါတယ်။ ကက်ရှ်မီးယားဒေသရဲ့ နီလမ်တောင်ကြားကနေ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်ခဲ့ပြီး လူတော်တော်များများလည်း အဆက်အသွယ် ပြတ်တောက်နေပါတယ်။ ဒီဒေသမှာ ရာသီဥတုဆိုင်ရာ ဘေးအန ္တရာယ်တွေ ကြုံရတတ်ပေမဲ့ ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လူသေဆုံးမှုအများဆုံး ဘေးအန ္တရာယ်တစ်ရပ်ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုကြောင့် ပါကစ္စတန်နိုင်ငံရဲ့ တခြားဒေသတွေနဲ့ အိန္ဒိယ၊ အာဖဂန်နစ္စတန်နိုင်ငံတွေမှာလည်း လူတော်တော်များများ သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ဘာလိုချီစတန်ပြည်နယ်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ် ၇ ယောက်အပါအဝင် သေဆုံးသူ ၂၀ ရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံက စီမံခန့်ခွဲနေတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာတော့ လူ ၈ ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ လူ ၂၄ ယောက် သေဆုံးခဲ့ပြီး လူ ၄၀ ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူအများစုကတော့ လွန်ခဲ့တဲ့ ၃ ရက်အတွင်း သေဆုံးခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top