ကနေဒါမှာ လူတွေကို ကားနဲ့ တိုက်သတ်ခဲ့သူကို လူသတ်မှုအပြင် စွဲချက်အများပြားတင်

101020461_de27-1.jpg

ဧပြီ ၂၄ ရက်နေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရဲ့ လူစည်ကားရာလမ်းမှာ လူအများအပြားကို ဗင်ကားနဲ့ တိုက်သတ်ခဲ့တဲ့ ကားမောင်းသမားကို လူသတ်မှု၊ လူသတ်ဖို့ ကြိုးပမ်းအားထုတ်မှု အပါအဝင် စွဲချက်အများပြားနဲ့ စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။

အလက် မီနက်စီယမ်ဟာ ဧပြီ ၂၄ ရက်နေ့က လူစည်ကားရာလမ်းမှာ ဗင်ကားနဲ့ တိုက်ခိုက်မှု လုပ်ခဲ့လို့ လူ ၁၀ ဦး သေဆုံးကာ ၁၅ ဦးကျော် ဒဏ်ရာရခဲ့ရတာပါ။ မီနက်စီယမ်ဟာ သူ့အပေါ် စွဲထားတဲ့ စွဲချက်တွေကို ဖတ်ခဲ့ပြီး ကားတိုက်မှုကနေ အသက်ရှင် ကျန်ရစ်ခဲ့သူတွေနဲ့ မဆက်သွယ်ဖို့လည်း ညွန်ကြားခံခဲ့ရတယ်လို့ သိရပါတယ်။

မီနက်စီယမ်ကို လာမယ့်မေလ ၁၀ ရက်နေ့မှာ တရားရုံးမှာ စစ်ဆေးမှုတွေ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ တရားရုံးရှေ့မှာထိုင်နေတဲ့ မီနက်စီယမ်ရဲ့ ဆွေးနွေးလို့ ယုံကြည်ရသူတစ်ဦးကို တစ်စုံတစ်ခုပြောဖို့ မေးမြန်းခဲ့ချိန်မှာ အဲဒီသူက ဖြေဆိုဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

လူအုပ်ထဲကို ကားနဲ့တိုက်မှုဟာ မိုက်မဲ့တဲ့ တိုက်ခိုက်မှုဖြစ်ပြီး စိုးရိမ်ကြောက်လန့်ဖွယ်ကောင်းတဲ့ ကြေကွဲစရာဖြစ်ရပ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ ကနေဒါရဲတွေဟာ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာက လမ်းကြားတွေကို ပိတ်ခဲ့ပြီး တိုက်ခိုက်မှု ပြုလုပ်တယ်လို့ သံသယရှိသူ မီနက်စီယမ်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရဲတွေ ဖမ်းဆီးချိန်အတွင်း မီနက်စီယာဟာ တစ်စုံတစ်ခုကို ညွန်ပြခဲ့ပြီး သူဆီမှာ သေနတ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ မီနက်စီယမ်ကို ပစ်ခတ်မှုမရှိဘဲ မဖမ်းခင်မှာ ရဲအရာရှိတစ်ဦးက မီနက်စီယမ်ရဲ့ ပြောဆိုချက်ကို ဂရုမစိုက်ဘဲ ဖမ်းဆီးဖို့ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဗင်ကားကို အသုံးပြု တိုက်ခိုက်တယ်လို့ သံသယရှိခံရတဲ့ ကာနက်စီယမ်ကို ပစ်ခတ်မှုမရှိဘဲ ဖမ်းဆီးနိုင်ခဲ့မှုအပေါ် ကနေဒါဝန်ကြီးချုပ်က ချီကျူးခဲ့ပြီး ရဲအရာရှိတွေဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

Ref: Alek Minassian Toronto van attack suspect praised ‘incel’ killer

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top