အရေးပေါ်ဆင်းသက်မယ့်လေယာဉ်က စာသင်ကျောင်းပေါ်ကို လောင်စာဆီ ဖောက်ချ

yyl-023-7.jpg

လော့စ်အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရေးပေါ်ဆင်းသက်ဖို့ ကြိုးစားနေတဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းက ကျောင်းအားကစားကွင်းပေါ်ကို လောင်စာဆီတွေ ဖောက်ချခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး ကလေးငယ် ၁၇ ယောက်နဲ့ အရွယ်ရောက်ပြီးသူ တော်တော်များများကို အရေပြား ယားယံမှု၊ အသက်ရှုကျပ်တဲ့ ဝေဒနာတွေအတွက် ကုသပေးခဲ့ရပါတယ်။ လေကြောင်းပျံသန်းမှု စည်းမျဉ်းတွေအရ အရေးပေါ်ဆင်းသက်ရတဲ့ အခြေအနေတွေမှာ လောင်စာဆီ ဖောက်ချနိုင်ပေမဲ့ သတ်မှတ်ထားတဲ့ တည်နေရာတွေပေါ်မှာပဲ လောင်စာဆီ ဖောက်ချခွင့်ရှိပါတယ်။ လောင်စာဆီဖောက်ချမယ့် လေယာဉ်ကလည်း အမြင့်ပေ တော်တော်များများမှာ ပျံသန်းနေဖို့ လိုပါတယ်။

ဒယ်တာလေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ အင်ဂျင်ပြဿနာပေါ်လို့ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လှည့်လာခဲ့တာပါ။ လေယာဉ်ကနေ လောင်စာဆီ ဖောက်ချချိန်မှာ အတန်းနှစ်တန်းမှာရှိတဲ့ ကလေးငယ်တွေက စာသင်ခန်းအပြင်ဘက်မှာ ရှိနေကြတယ်လို့ လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းဌာနက ဖော်ပြပါတယ်။ ပါ့ခ်အခြေခံပညာကျောင်းဟာ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ အရှေ့ဘက် ၁၆ မိုင်အကွာမှာတည်ရှိပါတယ်။ ဒီဖြစ်ရပ်မှာ ကျောင်းသား၊ ကျောင်းသူအားလုံး အသေးစားဒဏ်ရာတွေပဲ ရခဲ့တာလို့ ဆိုပါတယ်။ အရေးပေါ်ဆင်းသက်ရချိန်မှာ လေယာဉ်ရဲ့ဝိတ်ကို လျှော့ချဖို့ ခရီးသည်တင်လေယာဉ်က လောင်စာဆီ ဖောက်ချခဲ့ရတယ်လို့ ဒယ်တာလေကြောင်းလိုင်းက အတည်ပြုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top