နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့ အထောက်အကူပေးမယ့် အစားအစာများ

young-woman-sleeping-in-bed-PZBJ96W.jpg

တစ်နေ့လုံး ပင်ပန်းလာလို့ အိပ်ရာထဲ လှဲပစ်လိုက်တော့မယ်ဆိုတဲ့ အချိန်ကျမှ တစ်ခါတစ်လေ ဗိုက်က ပြသနာရှာလာတတ်ပါတယ်။ အိပ်ပျော်သွားတဲ့တိုင်အောင် ဗိုက်ကတဂွီဂွီနဲ့ အဆက်မပြတ် အော်နေတာမျိုးလည်း ကြုံဖူးကြမှာပေါ့။

အိပ်ရာဝင်ခါနီးတိုင်း အစားစားတာဟာ ကောင်းတဲ့အကျင့် မဟုတ်ပေမယ့်လည်း ဒီလိုအချိန်မျိုးမှာ ဗိုက်ဆာတတ်တယ်ဆိုရင်တော့ ခန္ဓာကိုယ်ကို သက်တောင့်သက်သာရှိစေပြီး အဆာခံစေနိုင်မယ့် အစားအစာတချို့ စားထားလိုက်တာ ကောင်းပါတယ်။ သင့်ကိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မယ့် အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

ဆလပ်ရွက်

ဒီနေ့ည ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင်တော့ ဆလပ်ရွက် များများပါဝင်တဲ့ အရွက်သုပ်တစ်ပွဲကိုသာ စိတ်ကြိုက်စားပစ်လိုက်ပါ။ ဆလပ်ရွက်မှာ လက်တူကေရီယမ် (lactucarium) လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို အကြောအချဉ်ပြေစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မယ့် ဓာတ်တစ်မျိုးပါဝင်လို့ပဲ ဖြစ်ပါတယ်။

ကီဝီသီး

ပန်းသီးနဲ့ လိမ္မော်သီးတို့လောက်တော့ ကီဝီသီးဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားသုံးသင့်တဲ့ အသီးအနေနဲ့ နာမည်မကြီးပါဘူး။ သို့ပေမယ့်လည်း ကီဝီသီးမှာ သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မယ့် ဗီတာမင် C နဲ့ E တို့အပြင် ဆာရာတိုးနစ် (Serotonic) နဲ့ ဖောလိတ်အက်ဆစ် (Folate acid) တို့ ပါဝင်တဲ့အတွက် မေ့ထားလို့မရတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

တူနာငါး

အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တွေ မျှတစွာ ပါဝင်တဲ့ တူနာဟာလည်း အိပ်ယာမဝင်ခင် စားသုံးဖို့ သင့်တော်တဲ့ ထူးထူးခြားခြား အစားအစာတစ်မျိုး ဖြစ်ပါတယ်။ တူနာမှာပါဝင်တဲ့ ဗီတာမင် B6 ဟာ သင့်ရဲ့ခန္ဓာကိုယ်အတွက် မီလယ်လ်တိုးနင်း (Melatonin) နဲ့ ဆာရာတိုးနင်း (Serotonin) ဓာတ်တွေ ထုတ်လုပ်နိုင်ဖို့ကို ကူညီပေးနေပါတယ်။ ၎င်းဓာတ်တွေဟာ သင့်ခန္ဓာကိုယ်ကို အညောင်းအညာပြေစေဖို့နဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် အထောက်အပံ့ပေးနေတာပဲ ဖြစ်ပါတယ်။

အနက်ရောင် ချောကလက်

အိပ်ရာဝင်ခါနီး အစာစားတာ မကောင်းဘူး ဆိုပေမယ့်လည်း အနက်ရောင် ချောကလတ် တစ်တုံး နှစ်တုံးလောက်တော့ စားပေးလို့ ရပါတယ်။ အနက်ရောင် ချောကလတ်မှာ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်ပေးနိုင်မယ့် ဆာရာတိုးနင်း (Serotonin) ဓာတ်တွေ ပါဝင်နေပါတယ်။ အိပ်ရာမဝင်ခင် အနက်ရောင် ချောကလတ်ကို စားပေးခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို အညောင်းအညာပြေစေနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကယ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တစ်မျိုးဖြစ်ပြီး နည်းလမ်းအမျိုးမျိုး ပြုလုပ် သောက်သုံးနိုင်ပါတယ်။ ၎င်းဟာ အိပ်ယာမဝင်ခင် စားသုံးလို့ကောင်းတဲ့ သွားရည်စာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ကယ်ဆီယမ်ဟာ ညဘက်မှာ အိပ်ရေးဝဝ အိပ်ပျော်စေနိုင်ဖို့အတွက် အိပ်စက်ခြင်းနှင့် မျက်စိကျယ်ခြင်းတို့ကို တစ်လှည့်စီ လုပ်ဆောင်ပေးတဲ့ ပင်နီရယ် (pineal) အကြိတ်တွေကို ဖြန့်ဝေပေးနေတဲ့ မီလယ်လ်တိုးနင်း (Melatonin) ဟော်မုန်း ထုတ်လုပ်နိုင်ဖို့ကိုလည်း ပံ့ပိုးပေးပါတယ်။ ညအိပ်ရာမဝင်ခင် ရေသောက်ပေးဖို့ကိုလည်း မမေ့ပါနဲ့နော်။

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top