အင်္ဂလန်သူလေးနဲ့ ချစ်သူတွေဖြစ်နေတဲ့ ဆောင်ဂျွန်ကီ

26-12-2022-yyl-97.jpg

Descendants of the Sun ဇာတ်လမ်းတွဲနဲ့ လူသိများတဲ့ တောင်ကိုရီးယားထိပ်တန်းမင်းသားချော ဆောင်ဂျွန်ကီဟာ သူ့ချစ်သူကောင်မလေးကို တရားဝင်ချပြလိုက်ပါပြီ။ ဆောင်ဂျွန်ကီက အင်္ဂလန်သူလေးနဲ့ တွဲနေတာပါ။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ သူ့ရဲ့အေဂျင်စီ HightZium Studio က အင်္ဂလန်သူလေးနဲ့ ဆောင်ဂျွန်ကီတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ အေဂျင်စီကတော့ ဆောင်ဂျွန်ကီတို့ရဲ့ဆက်ဆံရေးကိုပဲ အတည်ပြုနိုင်တဲ့အတွက် အခြေအမြစ်မရှိတဲ့ထင်ကြေးပေးတာတွေမလုပ်ဖို့ တောင်းဆိုထားပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့က စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆောင်ဂျွန်ကီက သူ့ချစ်သူကောင်မလေးကို ဝန်ထမ်းတွေနဲ့ တရားဝင်မိတ်ဆက်ပေးခဲ့တယ်။ သူ့ချစ်သူကောင်မလေးက အနုပညာနယ်ပယ်ကမဟုတ်ဘဲ သာမန်မိန်းကလေးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က သူငယ်ချင်းတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုနဲ့ သိခဲ့ကြကာ ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ ထွက်ရှိလာတဲ့သတင်းတွေအရ သိရပါတယ်။ နောက်ပိုင်းသတင်းတွေအရ သူ့ချစ်သူကောင်မလေးက မင်းသမီးတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆောင်ဂျွန်ကီတို့အတွဲက သူတို့ရဲ့ဆက်ဆံရေးကို သိုဝှက်မထားဘဲ သာမန်စုံတွဲတွေလို အတူတူအချိန်ကုန်ဆုံးဖြစ်ပါတယ်။ ဆောင်ဂျွန်ကီ နိုင်ငံခြားခရီးစဉ်တွေသွားရင်လည်း သူ့ချစ်သူကောင်မလေးက လိုက်ပါသွားလေ့ရှိပါတယ်။ သူ့ရဲ့အလုပ်တွေပြီးရင် ကောင်မလေးနဲ့အတူ လျှောက်လည်ဖြစ်ပါတယ်။ ဆောင်ဂျွန်ကီ စင်ကာပူရောက်နေတုန်းကလည်း အတူ လျှောက်လည်ဖြစ်ခဲ့သလို ကိုရီးယားကိုလည်း အတူတူပြန်လာခဲ့ပါတယ်။ အင်ချွန်းလေဆိပ်မှာ သူ့ကောင်မလေးနဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။

မနေ့ကမှ ဇာတ်သိမ်းပိုင်းထုတ်လွှင့်ပြီးသွားခဲ့တဲ့ မင်းသားချော ဆောင်ဂျွန်ကီရဲ့ဇာတ်လမ်းတွဲသစ် Reborn Rich ကလည်း ကြည့်ရှုနှုန်းအမြင့်ဆုံးဖြစ်နေပါတယ်။ ဆောင်ဂျွန်ကီက Descendants of the Sun ဇာတ်လမ်းတွဲရဲ့တွဲဖက်သရုပ်ဆောင် ဆောင်ဟေဂျိုနဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာပါ။

Ref: Song Joong Ki confirms that he is in a relationship with a British woman

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top