တောင်ကိုရီးယားနိုင်ငံမှာ Mask ရရှိဖို့အတွက် တန်းစီနေကြရ

yyl-001-8.jpg

အခုဆိုရင် တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်က တောင်ကိုရီးယားနိုင်ငံအထိ ပျံ့နှံ့နေပါပြီ။ ဗိုင်းရပ်စ်သစ်ပျံ့နှံ့မှုက ပိုပြီးဆိုးရွားလာတဲ့အတွက် အရေးပေါ်အခြေအနေဖြစ်လို့နေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံနေရတာကြောင့် လူထောင်ပေါင်းများစွာက mask တွေရရှိဖို့အတွက် တန်းစီနေရတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာ ကူးစက်ခံရသူဦးရေဟာ ၁,၀၀၀နီးပါးရှိနေပြီး သေဆုံးသူဦးရေကလည်း မြင့်တတ်နေတယ်လို့ တရားဝင်ကြေညာထားပါတယ်။ အဲဒါကြောင့်ပဲ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဒယ်ဂူမြို့ စူပါမားကတ်တစ်ခုရဲ့အပြင်ဘက်မှာ ဗိုင်းရပ်စ်ကနေ ကာကွယ်နိုင်ဖို့အတွက် Mask ရရှိဖို့အရေး နေထိုင်သူတွေက တန်းစီနေကြရပါတယ်။ ဒယ်ဂူမြို့က ဘုရားကျောင်းကို နှစ်ခေါက်လာရောက်တဲ့ အသက်ကြီးပိုင်အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကို တွေ့ရှိခဲ့ရတာကြောင့် အခုလို Mask ရရှိဖို့ တန်းစီနေရတဲ့ မြင်ကွင်းက ဒယ်ဂူမြို့နေပြည်သူတွေအတွက် စိုးရိမ်ဖွယ်ရာပါပဲ။

Mask ထုတ်တဲ့စက်ရုံတွေက တစ်နေ့ကို အရေအတွက်နဲ့ထုတ်နေရတာဖြစ်တဲ့အတွက် နိုင်ငံတော်တော်များများမှာ ပြတ်လတ်မှုတွေဖြစ်နေရပါတယ်။ အခုလိုပြတ်လတ်မှုဖြစ်နေတဲ့အတွက် နိုင်ငံတော်တော်များများက လူတွေဟာ အကန့်အသတ်နဲ့ယူနေရတာဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ဒယ်ဂူမြို့ကလူတွေကလည်း mask ကိုရရှိဖို့အတွက် တန်းစီနေကြရတဲ့ပုံပါပဲ။

တောင်ကိုရီးယားအာဏာပိုင်တွေက ရောဂါဖြစ်ပွားမှုကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ မျှော်လင့်နေကြပေမဲ့ တချို့ကတော့ နိုင်ငံအနှံ့အပြားမှာ ဆက်လက်ပျံ့နှံ့နိုင်တဲ့ လက္ခဏာတွေရှိနေတယ်လို့ မှတ်ယူထားကြပါတယ်။ တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးက “ဒယ်ဂူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်က အတော်လေးများလာပါတယ်။ အဲဒီနေရာမှာ ကူးစက်ခံရမှာကို အမြစ်ပြတ်အောင်မထိန်းချုပ်နိုင်ဘူးဆိုရင် ကိုရီးယားတစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ်သစ် ပျံ့နှံ့ဖို့ ဖြစ်နိုင်ခြေများသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြို့နေထိုင်သူတွေ တစ်ယောက်ချင်းစီကို ရောဂါပိုးစစ်ဆေးဖို့ စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

Ref: Thousands Of People Queue Up In South Korea For Face Masks

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top