ညဉ့်သန်းခေါင်အချိန် နေအိမ်မီးလောင်ပေမဲ့ ကြက်တူရွေးကယ်လို့ အသက်ဘေးက လွတ်မြောက်ခဲ့သူ

4-11-2020-yyl-014.jpg

သြစတြေးလျနိုင်ငံသားတစ်ယောက်ကတော့ ညဉ့်သန်းခေါင်ယံအချိန်မှာ နေအိမ်မီးလောင်မှု ကြုံတွေ့ခဲ့ပေမဲ့ ကြက်တူရွေးကယ်လို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်းကအချိန်က ကွင်းစ်လန်းပြည်နယ်၊ ဘရစ္စဘိန်းမြို့မှာရှိတဲ့ အန်တန်ငုယင်ရဲ့ ၂ ထပ်အိမ် မီးလောင်ခဲ့ပြီး မီးလောင်ချိန်မှာ အန်တန်ငုယင်က အိပ်ပျော်နေတာပါ။

” ဆူဆူညံညံအသံတွေ ကြားတယ်။ ကျွန်တော့်ရဲ့ ကြက်တူရွေး အဲရစ်က ကျွန်တော် အိပ်ရာနိုးအောင် အော်နေတာပါ။ ကျွန်တော်လည်း မီးခိုးနံ့ရလို့ အဲရစ်ကို ခေါ်ပြီး တံခါးဖွင့်လိုက်တော့ အိမ်နောက်ဖေးမှာ မီးခိုးတွေ တွေ့တယ်။ အဲဒါနဲ့ ကျွန်တော်လည်း အောက်ထပ်ကို ပြေးဆင်းလာခဲ့တာ”လို့ အန်တန်ငုယင်က ပြောပါတယ်။ အန်တန်ငုယင်က တစ်ယောက်တည်း နေထိုင်သူဖြစ်လို့ ကြက်တူရွေးကို ခေါ်ပြီး အိတ်တစ်လုံးနဲ့ အပြင်ဘက်ကို ပြေးထွက်လာခဲ့တာပါ။

မီးသတ်သမားတွေ ရောက်လာချိန်မှာတော့ တစ်အိမ်လုံးကို မီးဝါးမြိုနေပြီး မီးသတ်သမား ၄ ယောက်က တစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ အန်တန်ငုယင်ရဲ့အိမ်မှာ မီးအချက်ပေးစနစ် တပ်ဆင်ထားပေမဲ့ အဲဒီစနစ် အသံမမြည်ခင်မှာ ကြက်တူရွေးက အော်နေခဲ့တာပါ။ ဘာကြောင့် မီးလောင်ရလဲဆိုတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပါပဲ။

Ref: BBC ” Pet parrot saves Australian man from house fire”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top