Bangkok Airways နဲ့အတူ ကြည်နူးပျော်ရွှင်စရာအပန်းဖြေခရီးလေးတွေ ဖန်တီးလိုက်ရအောင်

BKK-Airway-Facebook-Photo-e1552278787898.png

လတ်ဆတ်အေးမြတဲ့ လေပြေလေညင်းလေးတွေကို ရှူရှိုက်ရင်း၊ အုန်းရည်ချိုရှရှကို သောက်ရင်းနဲ့ ကမ်းစပ်ကရေလှိုင်းသံတွေနားထောင်ရတာကြိုက်တဲ့ ကမ်းခြေချစ်သူတွေအတွက် ပျော်စရာအပန်းဖြေခရီးစဉ်လေးတွေကို Bangkok Airways က ယူဆောင်လာပါပြီ။

ခရီးစဉ်တွေထဲမှာ ပါဝင်တဲ့ကမ်းခြေတွေကတော့ လှပဆန်းပြားတဲ့ ရေအောက်သန္တာကျောက်တန်းတွေ၊ ထုံးကျောက်အိုင်တွေ၊ သဲသောင်ပြင်ဖွေးဖွေးနဲ့ စိမ်းစိမ်းစိုစို အုန်းပင်တန်းတွေရှိနေပြီး သာယာလှပလွန်းတဲ့ ကမ္ဘာကျော် မော်လ်ဒိုက်ရေတိမ်ကျွန်းစု၊ ထိုင်းနိုင်ငံက နာမည်ကျော် ဖူးခက်ကမ်းခြေ၊ စမွီကျွန်းနဲ့ ကရာဘီကမ်းခြေတွေပဲဖြစ်ပါတယ်။ ဒီကမ်းခြေတွေဆီ သွားရောက်အပန်းဖြေမယ့်ခရီးစဉ်တွေအတွက် ပို့ဆောင်ပေးဖို့ နွေးထွေးတဲ့ဝန်ဆောင်မှုနဲ့အတူ ဘန်ကောက်အဲဝေးလေကြောင်းလိုင်းက အသင့်ရှိနေပါပြီ။ ခရီးစဉ်တွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေကနေ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းနဲ့ ဈေးနှုန်းတွေကတော့ –

ရန်ကုန် – စမွီ ခရီးစဉ်(အသွားအပြန်) အတွက် တစ်ဦးကို 307 USD၊
ရန်ကုန် – ကရာဘီ/ ဖူးခက် ခရီးစဉ်(အသွားအပြန်) အတွက် တစ်ဦးကို 262 USD၊
ရန်ကုန် – မော်လ်ဒိုက် ခရီးစဉ်(အသွားအပြန်) အတွက် တစ်ဦးကို 596 USD စတဲ့ အနိမ့်ဆုံးဈေးနှုန်းတွေကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး

မန္တလေး – စမွီ ခရီးစဉ်(အသွားအပြန်) အတွက် တစ်ဦးကို 307 USD၊
မန္တလေး – ကရာဘီ/ ဖူးခက် ခရီးစဉ်(အသွားအပြန်) အတွက် တစ်ဦးကို 256 USD၊
မန္တလေး – မော်လ်ဒိုက် ခရီးစဉ်(အသွားအပြန်) အတွက် တစ်ဦးကို 643 USD စတဲ့အနိမ့်ဆုံးဈေးနှုန်းတွေကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဒီသတ်မှတ်ဈေးနှုန်းတွေထဲမှာ အာမခံကြေး၊ လေဆိပ်အခွန်နဲ့ လောင်စာဆီကြေးတွေပါဝင်ပြီး တခြားစည်းကမ်းသတ်မှတ်ချက်တွေလည်း ပါရှိနေမှာပါ။ ခရီးသည်အားလုံးအတွက် သုဝဏ္ဏဘူမိလေဆိပ်ရဲ့အဆင့်မြင့်နားနေခန်း၊ လေယာဉ်အတွင်း အစားအသောက်တည်ခင်းကျွေးမွေးမှုတွေအပြင် နွေးထွေးပျူငှာတဲ့ ဝန်ဆောင်မှုတွေကိုလည်း ခရီးစဉ်တလျှောက်လုံး ရရှိနိုင်မှာဖြစ်ပါတယ်။

အခုခရီးစဉ်တွေကို အောက်တိုဘာလ (၃၁) ရက်၊၂၀၁၉ အထိ လိုက်ပါစီးနင်းနိုင်မှာဖြစ်ကာ လေယာဉ်လက်မှတ်တွေကိုတော့ ဒီနေ့ကစတင်ပြီး အခုဖော်ပြပေးထားတဲ့ (ရန်ကုန်ရုံး – (၉၅၁) ၂၅၅ ၁၂၂၊ ၂၅၅ ၂၆၅၊ မန္တလေးရုံး – (၉၅၂) ၄၀ ၃၆၃၂၃၊ ၄၀ ၆၉၃၈၇) ခရီးသွားလက်မှတ်အရောင်းကိုယ်စားလှယ်ရုံးတွေဆီမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို သိရှိလိုရင်တော့ အောက်ပါလင့်ခ်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://bit.ly/2TiAREo

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top