လေယာဉ်မှူး ရိုက်ကူးခဲ့တဲ့ မီးစုန်းတောက်ပမှုပုံရိပ်

16-11-2022yyl05.jpg

မီးစုန်း (St. Elmo) တောက်ပမှုကို လေယာဉ်မှူးတစ်ဦး ရိုက်ကူးခဲ့တဲ့ ပုံရိပ်ပါ။ Airbus လေယာဉ်မှူး လူးဝစ်အန်ဒရက်စ်က ပြီးခဲ့တဲ့လမှာ မိုင်ယာမီမြို့နဲ့ ဒန်ဗာမြို့ကြား မောင်းနှင်နေချိန် ဒီမြင်ကွင်းကို တွေ့ခဲ့တာပါ။ ဖလော်ရီဒါကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း အီယန် တိုက်ခတ်မှုကြောင့် အခုလို ဖြစ်ပေါ်ခဲ့တာပါ။

လေထုထဲက လျှပ်စစ်စက်ကွင်းကြောင့် မြေပြင်ပေါ်က အရာဝတ္တုတွေနဲ့ လေထုကြားထဲမှာ လျှပ်စစ်ဓာတ်စီးနေတဲ့ ပလာစမာ ဖြစ်ပေါ်လာတဲ့အခါ မီးစုန်းတောက်ပတယ်လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ရှေးခေတ်က သင်္ဘောသားတွေ ယုံကြည်ကိုးကွယ်ကြတဲ့ စိန့်အယ်လ်မို( သူတော်စင် အယ်လ်မို)ကို အစွဲပြုပြီး အခုလို အမည်မှည့်ခေါ်ကြတာပါ။

Ref: Pilot Captures Jaw-Dropping Spectacle of St. Elmo’s Fire Phenomenon

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply