လရဲ့ မျက်နှာပြင်ပေါ်မှာ ကမ္ဘာပေါ်ကသစ်ပင်များဆီမှ အောက်စီဂျင်များရရှိနေခဲ့ပါတယ်

9623442678-moon-oxygen-2.jpg

လဟာ ကမ္ဘာပေါ်ကသက်ရှိများထုတ်လုပ်ထားတဲ့ materials များကိုရရှိလာခဲ့တာ ကမ္ဘာပေါ်မှာ အပင်များ စတင်ပေါက်ရောက်ခဲ့တဲ့အချိန်ကတည်းက ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကိုလေ့လာခဲ့တာကတော့ ဂျပန်နိုင်ငံမှ လွှတ်တင်တဲ့ lunar orbiter ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အာကာသအေဂျင်စီဖြစ်တဲ့ Japan Aerospace Exploration Agency (JAXA) ဟာ Kaguya ကို ၂၀၀၇ ခုနှစ်မှာ စတင်လွှတ်တင်ခဲ့ပါတယ်

Osaka University မှ ဒေါက်တာ Kentaro Terada က Selenological and Engineering Explorer လို့လဲခေါ်သလို Kaguya လို့အမည်ရတဲ့ lunar orbiter မှ အချက်အလက်များကို လေ့လာခဲ့ပါတယ်။ သူတို့ဟာ လပေါ်ကမြေဆီလွှာပေါ်မှာ ကမ္ဘာပေါ်မှာတွေ့ရတတ်တဲ့ အောက်စီဂျင်အိုင်စိုတုတ်များကိုတွေ့ခဲ့ရပါတယ်။

လရဲ့ မျက်နှာပြင်ဟာ ကမ္ဘာပေါ်က သစ်ပင်များထုတ်လုပ်ထားတဲ့အောက်စီဂျင်များကိုပိုင်ဆိုင်နေတာ နှစ်ပေါင်း (၂.၅) ဘီလီယံခန့်ရှိခဲ့ပြီ ဖြစ်

ကမ္ဘာပေါ်မှာရှိတဲ့အောက်စီဂျင်များဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂.၅) ဘီလီနှစ်ခန့်က အပင်များစတင်ဖြစ်ပေါ်ပြီး photosynthesis များကြောင့် စတင်တည်ရှိခဲ့ပါတယ်။ ဒီအောက်စီဂျင်များဟာ ကမ္ဘာပေါ်မှာတင်မနေခဲ့ပဲ လရဲ့ မျက်နှာပြင်ပေါ်အထိ ဆွဲငင်အားများကြောင့် ပျံတက်သွားပြီး လရဲ့ မျက်နှာပြင်ဟာ ကမ္ဘာပေါ်က သစ်ပင်များထုတ်လုပ်ထားတဲ့အောက်စီဂျင်များကိုပိုင်ဆိုင်နေတာ နှစ်ပေါင်း (၂.၅) ဘီလီယံခန့်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အာကာသအေဂျင်စီဖြစ်တဲ့ Japan Aerospace Exploration Agency (JAXA) ဟာ Kaguya ကို ၂၀၀၇ ခုနှစ်မှာ စတင်လွှတ်တင်ခဲ့ပါတယ်။ ဒီ Kaguya probe ဟာ သူရည်ရွယ်ထားတဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပြီးတော့ (၂) နှစ်အကြာ ၂၀၀၉ ခုနှစ်မှာ လရဲ့ မျက်နှာပြင်ပေါ်ပျက်ကျသွားခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ လရဲ့ စတင်ဖြစ်တည်ပုံ၊ ဖွဲ့စည်းပုံတို့နဲ့ ပတ်ဝန်းကျင်အနေအထားတို့ကိုလေ့လာဖို့ ဖြစ်ပါတယ်။ Ion Energy Analyzer(IEA) နဲ့ Ion Mass Analyzer(IMA) လို့ခေါ်တဲ့ instrument (၂) ခုက လ ဆီကနေလာတဲ့ ions များနဲ့ ကမ္ဘာ့ magnetosphere အတွင်းမှာရှိတဲ့ ions များကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။

လမင်းကြီးဟာ ကမ္ဘာကို လှည့်ပတ်နေစဉ် ပတ်ဝန်းကျင် (၂) မျိုးကို တစ်လှည့်စီဖြတ်သန်းနေပါတယ်။ လရဲ့ နေဆီမြင်ကွင်းကြားကို ကမ္ဘာက ပိတ်မိလိုက်တဲ့အခိုက်အတန့်မျိုးမှာဆိုရင် ကမ္ဘာပေါ်ကပြန့်ထွက်လာတဲ့ သံလိုက်စက်ကွင်းများကို လရဲ့ မျက်နှာပြင်မှာခံစားရပါတယ်။ ဒီလိုပြန့်ထွက်လာတဲ့သံလိုက်စက်ကွင်းများကို magnetotail လို့လည်း ခေါ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ကမ္ဘာပေါ်က charged particles များဟာ လ အထိ သွားရောက်နိုင်ပါတယ်။

charged particles များထဲမှာ ကမ္ဘာပေါ်ကသစ်ပင်များထုတ်လုပ်ပေးထားတဲ့ အောက်စီဂျင်အိုင်စိုတုတ် များဟာ လရဲ့ မျက်နှာပြင်ပေါ်အထိ ကျရောက်သွားလေ့ရှိပါတယ်

အဆိုပါ charged particles များထဲမှာ ကမ္ဘာပေါ်ကသစ်ပင်များထုတ်လုပ်ပေးထားတဲ့ အောက်စီဂျင်အိုင်စိုတုတ် များဟာ လရဲ့ မျက်နှာပြင်ပေါ်အထိ ကျရောက်သွားလေ့ရှိပါတယ်။ အခုလိုကောက်ချက်ချနိုင်ဖို့အတွက် လပေါ်မှာ တွေ့ခဲ့တဲ့ အိုင်စိုတုတ်များကတော့ oxygen-16 များဖြစ်ပါတယ်။

လရဲ့ မြေဆီလွှာပေါ်မှာ အောက်စီဂျင်ပါဝင်မှု (၃) မျိုးရှိပါတယ်။ oxygen-16 ကြွယ်ဝမှု (rich in oxygen-16)၊ solar wind များမှလာတဲ့ အောက်စီဂျင်နဲ့ oxygen-16 နည်းပါးမှု (poor in oxygen) တို့ဖြစ်ပါတယ်။ ဒီထဲမှာမှ အဆိုပါ oxygen-16 နည်းပါးမှုဟာ ဘယ်ကလာသလဲဆိုတာကို သိပ္ပံပညာရှင်များကလေ့လာခဲ့ပြီး သူတို့ဟာ ကမ္ဘာ့လေထုအတွင်းက ions များကနေလာတယ်လို့ ကောက်ချက်ချနိုင်ခဲ့ပါတယ်။ သူတို့ဟာ အံ့အားသင့်ဖွယ်ပဲ ကျွန်တော်တို့ အိုဇုန်းလွှာအတွင်းက oxygen-16 နည်းပါးမှုများနဲ့ သွားရောက်တူနေတယ်လို့ Terada က ဆိုပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top