အာရှနိုင်ငံ (၃)နိုင်ငံမှာ တရုတ်ဗိုင်းရက်စ်အသစ် ကူးစက်ခံရမှုတွေရှိနေ

yyl-019-9.jpg

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရက်စ်အသစ်ကို ပေကျင်းနဲ့ ကွမ်တုန်းပြည်နယ်တွေက ကျန်းမာရေးစောင့်ရှောက်သူ (၁၄) ဦးကလည်း ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံမှာ လျင်မြန်စွာဖြစ်ပွားခဲ့တဲ့ ဗိုင်းရက်စ်အသစ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အနေနဲ့ ကြေညာသင့်လာဆိုတာကို ဆုံးဖြတ်ချက်ချဖို့အတွက် မနေ့က အစည်းအဝေးကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထွေထွေဥက္ကဌကို အခြားနိုင်ငံတွေကို သတိပေးချက်တွေ၊ တိုက်တွန်းပြောဆိုမှုတွေလုပ်ဖို့ အခွင့်အာဏာပေးထားပါတယ်။ ဒါပေမဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့သတိပေးချက်တွေက အခြားနိုင်ငံတွေ လိုက်နာဖို့ရာ အခွင့်အာဏာမရှိပါဘူး။ ကမ္ဘာ့လုံးဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်နေလို့ပါပဲ။

မိသားစုနဲ့ အတူ နိုင်ငံအနှံ့အပြားကို ခရီးထွက်မယ့် တရုတ်နှစ်သစ်ကူးအချိန်အခါလည်းဖြစ်တဲ့အတွက် အခြားနိုင်ငံတွေမှာလည်း ဒီဗိုင်းရက်စ် ပြန့်နှံ့သွားမှာကို ကျွမ်းကျင်ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ဒီရောဂါပိုးကူးစက်သူ (၂၀၀) ကျော်၊ သေဆုံးသူ (၄) ဦးရှိနေပြီး အနည်းဆုံး (၈)ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ တရုတ်က အတည်ပြုခဲ့ပါတယ်။

ဒီဗိုင်းရက်စ်က လူ (၁၁) သန်းရှိတဲ့ ဝူဟန်မှာ စတင်ပြန့်နှံ့ခဲ့တာဖြစ်ပေမယ့် ပေကျင်းနဲ့ ကွမ်တုန်းမှာလည်း ပြန့်နှံ့နေတယ်လို့ တရုတ်အာဏာပိုင်တွေက တနင်္လာနေ့မှာအတည်ပြုပြောကြားခဲ့ပါတယ်။ ကွမ်တုန်းပြည်နယ်က လူအများစုက ဝူဟန်ကို မကြာသေးခင်ကမှ အလည်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်သူ မိသားစု (၂) စုမှာတော့ ဗိုင်းရက်စ်က လူအချင်းချင်း ကူးစက်တာမဟုတ်ဘူးလို့ တွေ့ရပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး အဖြေထုတ်လို့မရတဲ့ မေးခွန်းတွေရှိနေပါတယ်။

အာရှနိုင်ငံ (၃) နိုင်ငံမှာလည်း ဒီဗိုင်းရက်စ်ကူးစက်ပျံ့နှံ့နေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံက လာတဲ့ ခရီးသွားဧည့်သည် (၂) ဦးမှာလည်း ကူးစက်ခံနေရတယ်လို့ ထိုင်းက သတင်းထုတ်ပြန်ထားသလို တောင်ကိုရီးယားနိုင်ငံကလည်း ရောဂါကူးစက်ခံရတဲ့ တရုတ်ခရီးသွားတစ်ယောက်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဝူဟန်ကို ရောက်ခဲ့တဲ့ ရောဂါကူးစက်ခံရသူ ဂျပန်ခရီးသွားတစ်ယောက်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ လင်းနို့တွေက ကိုရိုနာဗိုင်းရက်စ်အများစုရဲ့အရင်းအဖြစ်ဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

ကိုရိုနာဗိုင်းရက်စ်အသစ်က ၂၀၀၃ခုနှစ်က ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ (၈၀၀၀) ကျော် နေမကောင်းဖြစ်ခဲ့ပြီး လူ (၈၀၀) နီးပါးသေဆုံးခဲ့တဲ့ ဗိုင်းရက်စ်တွေနဲ့ အမျိုးအစားတူတယ်လို့ သိရပါတယ်။

Ref: WHO calls for emergency meeting on new virus in China, as cases spread to health care workers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply