သင့်ကိုချစ်တဲ့မိတ်ဆွေတွေနဲ့အတူ ဘဝကို ရယ်ရယ်မောမောဖြတ်သန်းလိုက်ပါ

s1.jpg

တစ်ခါက လူငယ်လေးတစ်ဦးဟာ အတန်းဖော် ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားလို့နေပါတယ်။ ကောင်မလေးဟာ အရမ်းကြီးချောမောမလှပပေမဲ့လည်း ကောင်လေးရဲ့အမြင်မှာတော့ နတ်သမီးလေးတစ်ပါးအဖြစ် တမ်းတမ်းစွဲလို့နေပါတယ်။ ကောင်လေးဟာ အချိန်တိုင်းနီးပါးကောင်မလေးနဲ့ နီးစပ်ဖို့အတွက် စဉ်းစားတွေးတောပီး စိတ်ကူးယဉ်အိမ်မက်မက်လို့နေပါတယ်။

တစ်နေ့မှာတော့ ကောင်လေးရဲ့ သူငယ်ချင်းက အခုလိုပဲပြောပါတယ်။ “သူငယ်ချင်း… သူ့ကိုမင်းဒီလောက်တောင် စွဲလမ်းနေရင် မင်းသူ့ကိုဘယ်လောက်ချစ်တယ်။ စိတ်ဝင်စားနေတယ်ဆိုတဲ့ မင်းရဲ့ခံစားချက်တွေကို သူသိအောင်ပြောပြဖို့လိုအပ်တယ်ကွ။ ဒါမှသာ သူကမင်းကို ပြန်ချစ်၊မချစ် မင်းသိရမှာပေါ့ကွ”လို့ အကြံပေးစကားပြောဆိုပြီး ခရီးတစ်ခုထွက်သွားခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူရဲ့ လမ်းညွှန်စကားအတိုင်း ကောင်လေးဟာ သူစိတ်ဝင်စားနေတဲ့ကောင်မလေးကို စိတ်ဝင်စားပြီး မေတ္တာသက်ဝင်နေတဲ့အကြောင်းကို ဖွင့်ပြောလိုက်ပါတယ်။ အဲ့ဒီအခါကောင်မလေးက သူ့မှာချစ်ရတဲ့ချစ်သူရှိပြီး မကြာမီမှာ လက်ထပ်တော့မှာဖြစ်ကြောင်း ပြောဆိုပြီး ကောင်လေးရဲ့ ချစ်ခွင့်ပန်တာကို ငြင်းဆိုလိုက်ပါတယ်။

ဒီအကြောင်းကို သူငယ်ချင်းဖြစ်သူ ကြားသိတဲ့အခါမှာတော့ ဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်းလှမ်းမေးပါတယ် “သူငယ်ချင်း ငါဖြစ်ကြောင်းကုန်စင် အကုန်ကြားပြီးပြီ။ မင်းသူ့ကို အရမ်းစွဲလမ်းတာငါသိပါတယ်။ မင်းရဲ့စွဲလမ်းစိတ်တွေကို မေ့ပျောက်ဖို့အတွက် အရက်သေစာတွေ နေ့တိုင်းများ သောက်နေမလားဆိုပြီး စိတ်ပူလို့ ငါဖုန်းဆက်လိုက်တာပါ “လို့ ပြောလိုက်ပါတယ်။

အဲ့ဒီအခါကောင်လေးက အခုလိုပဲ ပြန်လည်ဖြေကြားလိုက်ပါတယ် ” ငါ့ကို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်ကွာ။ မင်းသိတဲ့အတိုင်း ငါသူ့ကိုအရမ်းချစ်တယ်။ သူကငါ့အတွက် အရာရာတိုင်းပဲ။ သူကိုငါ့ရဲ့ လက်တွဲဖော်အဖြစ် စိတ်ကူးယဉ်အိမ်မက်တွေအများကြီးမက်ခဲ့တာပါ။ အခုငါ့သူ့ကိုဖွင့်ပြောလိုက်တဲ့အခါ သူကငြင်းလိုက်တယ်။ စိတ်မကောင်းဖြစ်သွားခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မင်းထင်သလို အဲ့စိတ်ကိုမေ့ပျောက်ဖို့အတွက် ငါ အရက်သေစာတွေသောက်စားပြီး အချိန်မဖြုန်းပါဘူးကွာ ” ကောင်လေးကဆက်ပြီး ” ဘာလို့လဲဆိုတော့ ငါဆုံးရှုံးသွားတာက ငါ့ကိုပြန်မချစ်နိင်တဲ့သူကို ဆုံးရှုံးရတာပါ။ သူကတော့ ဘဝတစ်လျှောက်လုံးဘေးနားမှာ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပြီးချစ်သွားမယ့် ချစ်သူတစ်ယောက်ကို ဆုံးရှုံးသွားရတာပါ။ အဲ့ဒါကြောင့် ငါစိတ်မကောင်းဖြစ်ပေမဲ့ သူ့အတွက်နဲ့ငါ့ဘဝရှေ့ရေးထိခိုက်စေမဲ့ အပြုအမူတွေကို ငါမလုပ်ပါဘူး သူငယ်ချင်းရာ “လို့ပြောပြီး ဖုန်းချလိုက်ပါတယ်။

ဒီအကြောင်းအရာလေးဖတ်ရှုပြီး စာဖတ်သူတု့ိရဲ့ စိတ်ထဲမှာ တစ်ခုခုတော့ကျန်ခဲ့မယ်လို့ ထင်ပါတယ်။  အချစ်ကြောင့် ပျော်ရွှင်ကြည်နူးနေရတဲ့စုံတွဲတွေ များစွာရှိသလို အချစ်ရဲ့လျစ်လျူရှုမှုကြောင့် ဘဝပျက်သွားတဲ့ထိအောင် ရူးရူးမူးမူးခံစားတတ်တဲ့သူများလည်း ရှိပါတယ်။ အများစုတွေ့ကြရတာကတော့ အချစ်ရေးအဆင်မပြေတာကနေအစပျိုးပြီး အရက်သေစာတွေစားသောက်တတ်လာကာ လမ်းအမှားကိုရောက်သွားကြတဲ့ လူငယ်များလည်းရှိသလို ချစ်တဲ့သူရဲ့ စွန့်ပစ်ခြင်းကိုခံရတာကြောင့် အသက်ပါဆုံးရှုံးတဲ့အထိ အချစ်ကိုကိုးကွယ်တဲ့လူငယ်များလည်း ရှိကြပါတယ်။

ဒီအကြောင်းအရာလေးနဲ့ပတ်သတ်ပြီး စာဖတ်သူတို့ကို စကားလက်ဆောင်ပေးချင်တာလေးတစ်ခုကတော့ “ကိုယ့်ကိုမချစ်မနှစ်သက်တဲ့သူတွေအတွက် သင့်ဘဝအဆုံးရှုံးမခံလိုက်ပါနဲ့။ သင့်ကို ချစ်ရတဲ့သူတွေအတွက်၊ သင့်ကိုတန်ဖိုးထားတဲ့သူတွေအတွက် ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေထိုင်လိုက်ပါ ”

Ref: ” Love is hard to get”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top