နှစ် ၇၀ အကြာမှာ ဂျော့အော်ဝဲလ်ကို ပြန်တောင်းပန်ခဲ့တဲ့ ဗြိတိသျှကောင်စီ

nn6.jpg

လွန်ခဲ့တဲ့ နှစ် ၇၀ က အက်ဆေးတစ်ပုဒ် ဖော်ပြဖို့ ငြင်းဆန်ခဲ့မိတဲ့အတွက် ဗြိတိသျှကောင်စီ(British Council)က ကမ္ဘာကျော်စာရေးဆရာ ဂျော့အော်ဝဲလ်(George Orwell)ကို ပြန်တောင်းပန်ခဲ့ပါတယ်။ 1984 ၊ Animal Farm စတဲ့ စာအုပ်တွေနဲ့ ကျော်ကြားခဲ့တဲ့ ဂျော့အော်ဝဲလ်ဟာ ၁၉၄၆ ခုနှစ်မှာ In Defence of English Cooking ဆိုတဲ့ အက်ဆေးတစ်ပုဒ် ရေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအက်ဆေးဟာ ကမ္ဘာတစ်ဝန်းက စာဖတ်သူတွေအတွက် သင့်တော်မှာမဟုတ်ဘူးလို့ ဗြိတိသျှကောင်စီက မှတ်ချက်ပေးပြီး ထုတ်ဝေဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာ အစာရေစာ ရှားပါးတဲ့ ဆောင်းရာသီ ကြုံခဲ့ရလို့ ဗြိတိသျှကောင်စီက အစားအစာနဲ့ပတ်သက်တဲ့ အက်ဆေး ဖော်ပြဖို့ စိုးရိမ်ခဲ့ပုံပေါ်တယ်လို့ ဗြိတိသျှကောင်စီရဲ့ မူဝါဒရေးရာ ပိုင်းခြားသုံးသပ်သူ ဒေါ်နယ်ဆန်က ပြောပါတယ်။

၂၀ ရာစုမှာ ဗြိတိန်နိုင်ငံရဲ့ အကြီးကျယ်ဆုံး နိုင်ငံရေးစာရေးဆရာအဖြစ် သတ်မှတ်နိုင်တဲ့ ဂျော့အော်ဝဲလ်အပေါ် အမှားအယွင်း မဆိုသလောက် ကျူးလွန်မိခဲ့တာနဲ့ပတ်သက်ပြီး ပြင်ဆင်ခွင့်ရတဲ့အတွက် ဗြိတိသျှကောင်စီက ကျေနပ်တယ်လို့ သူက ဆိုပါတယ်။ ဗြိတိသျှကောင်စီဟာ ဂျော့အော်ဝဲလ်ရဲ့ အက်အေးကိုလည်း မူရင်းအတိုင်း ဖော်ပြခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top