ခန္ဓာကိုယ်အတွက် ချွေးနံ့ပျောက်ဆေးရဲ့အခြားအသုံးဝင်ပုံများ

deodorant-cover-1.png

ချွေးနံ့ပျောက်ဆေးကတော့ လူတိုင်းမှာ ရှိကြပါတယ်။ လူအများစုက ခန္ဓာကိုယ်မှာ ချွေးထွက်နည်းအောင်၊ ချိုင်းကြားမှာ ချွေးနံ့နဲ့ အနံ့သက်ဆိုးတွေမထွက်ဖို့အတွက် ချွေးနံ့ပျောက်ဆေးကို အသုံးပြုကြပါတယ်။ တကယ်တော့ ချွေးနံ့ပျောက်ဆေးက အဲဒါတွေအတွက်တင် အသုံးဝင်တာမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ တခြားနေရာတွေမှာလည်း အသုံးပြုလို့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာ ချွေးနံ့ပျောက်ဆေးကို အသုံးပြုလို့ရလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်..။

ခြေဖဝါးမှာ

ရှုးဖိနပ်ကို အကြာကြီးစီးပြီး တစ်နေ့ကုန်အလုပ်လုပ်နေရတဲ့သူတွေဆိုရင် ခြေဖဝါးချွေးထွက်တဲ့ပြဿနာကို ကြုံတွေ့ကြရမှာပါ။ အဲဒီချွေးက ခြေဖဝါးမှာ အနံ့သက်ဆိုးတွေဖြစ်လာပြီး ရောဂါပိုးမွှားတွေ ကပ်ညှိလာနိုင်ပါတယ်။ ခြေဖဝါးသန့်ရှင်းအောင် ထိန်းသိမ်းထားတာအပြင် ဖြေဖဝါးမှာ ချွေးနံ့ပျောက်ဆေးအနည်းငယ်ကို ဖြန်းပေးလို့လည်းရပါတယ်။ ခြေဖဝါးမှာ ချွေးထွက်မလာအောင် အချိန်အကြာကြီးထိန်းထားပေးနိုင်ပါတယ်။

ရင်သားအောက်မှာ

အမျိုးသမီးတော်တော်များများဟာ ရင်သားအောက် ချွေးထွက်တဲ့ပြဿနာကို မကြာခဏကြုံတွေ့ရပါတယ်။ ရင်သားအောက်မှာ ချွေးနံ့ပျောက်ဆေးကို အသုံးပြုတာက ချွေးမထွက်လာအောင် အချိန်အကြာကြီးထိန်းထားပေးနိုင်ပါတယ်။

ခြေဖနောင့်မှာ

တစ်ခါတလေ ကျွန်တော်တို့ရဲ့ခြေထောက်တွေက ဖိနပ်အသစ်တွေနဲ့အသားကျဖို့ အချိန်ယူရပါတယ်။ ဖိနပ်အသစ်ကို စီးလိုက်ရင် ခြေဖနောင့်ပွန်းပဲ့တာ၊ ခြေထောက်ပေါက်တာ၊နာကျင်တာတွေဖြစ်လာတတ်ပါတယ်။ ချွေးနံ့ပျောက်ဆေးကို ခြေဖနောင့်မှာ အသုံးပြုပေးမယ်ဆိုရင် ပွန်းပဲ့နာကျင်တာတွေကို သက်သာသွားစေနိုင်ပါတယ်။

ခန္ဓာကိုယ်အမွေးအမှင်ရိတ်ပြီးတဲ့အခါ

ခြေထောက်နဲ့ ချိုင်းကြားက အမွေးအမှင်တွေကို ရိတ်ပြီးတဲ့အခါ နီးမြန်းယားယံတာမျိုးကို လူတိုင်းကြုံတွေ့ရတာ ပုံမှန်ပါပဲ။ နီးမြန်းယားယံတာကို (၂) ရက်အတွင်း သက်သာသွားချင်ရင် ချွေးနံ့ပျောက်ဆေးကို အသုံးပြုနိုင်ပါတယ်။ အယ်ကိုဟောပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးကိုတော့ ရှောင်ပါ။ ရေဓာတ်ဖြည့်ပေးတဲ့၊ အစိုဓာတ်ထိန်းပေးတဲ့အာနိသင်ပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးကို ရွေးချယ်သင့်ပါတယ်။

ခြင်ကိုက်တဲ့နေရာမှာ

ခြင်ကိုက်ခံရတဲ့နေရာကို ရေခဲအုံပေးမယ်ဆိုရင် ပိုပြီးထိရောက်မှုရှိတယ်ဆိုတာ သိထားကြမှာပါ။ ခြင်ကိုက်ခံလိုက်ရတဲ့အခါ ရေခဲမရှိဘူးဆိုရင် ချွေးနံ့ပျောက်ဆေးကို အသုံးပြုလို့ရပါတယ်။ ခြင်ကိုက်ခံရတဲ့နေရာမှာ အလူမီနီယမ် ကလိုရိုက်ပါဝင်တဲ့ ချွေးနံ့ပေါက်ဆေးကို လိမ်းပေးလို့ရပါတယ်။

လက်သည်းနီဖျက်တဲ့အခါ

လက်သည်းဖျက်ဆေးကုန်သွားရင် ချွေးနံ့ပျောက်ဆေးကို အသုံးပြုလို့ရပါတယ်။ ချွေးနံ့ပျောက်ဆေးကို လက်သည်းဖျက်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ လက်သည်းပေါ်မှာ ချွေးနံ့ပျောက်ဆေးကို ဖြန်းပြီး ဝါဂွမ်းစနဲ့လက်သည်းနီတွေကုန်အောင် ပွတ်ပေးရုံပါပဲ။ လက်သည်းဖျက်ဆေးလိုတော့ လက်သည်းနီတွေကို ချက်ချင်းဖယ်ရှားနိုင်မှာမဟုတ်တဲ့အတွက် ထပ်ခါထပ်ခါတော့လုပ်ပေးရပါတယ်။ လက်သည်းဖျက်ဆေးမှာ Acetone ဆိုတဲ့ ဓာတုပစ္စည်းပါဝင်တဲ့အတွက် ချွေးနံ့ပျောက်ဆေးက ပိုပြီးဘေးကင်းပါတယ်။

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top