ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်နိုင်ဖို့ ကိုယ်ခံအားစနစ်ကောင်းအောင် ဒီအစားအစာတွေ စားသုံးပေးပါ

yyl-030-11.jpg

အခုလိုရာသီမျိုးမှာ ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပြီး ကျွန်တော်တို့အများစု တွေ့ကြုံနေရတာက အအေးမိဖျားနာခြင်းပါပဲ။ ဒါ့အပြင် တရုတ်နိုင်ငံမှာလည်း ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားလို့နေပါတယ်။ ဆောင်းရာသီမှာဖြစ်တတ်တဲ့ အအေးမိဖျားနာခြင်းနဲ့ ဝူဟန်ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံအားနစ်ကောင်းအောင် နေထိုင်ရမှာဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းဖို့ဆိုရင် တစ်နေ့တာစားသောက်တဲ့ အစားအစာတွေထဲမှာ အာဟာရဓာတ်ပြည့်ဝတဲ့ အရာတွေပါဝင်ရမှာဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းအောင် ဘာတွေစားသုံးပေးရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

ဆီထရစ်ဓာတ်ပါဝင်တဲ့အသီးများ

အအေးမိဖျားနာခြင်းတွေမဖြစ်ပွားဖို့အတွက် အကောင်းဆုံးနည်းကတော့ ဆီထရစ်ဓာတ်ပါဝင်အသီးတွေကို စားသုံးပေးတာပါပဲ။ အဲဒီအသီးတွေက ဗီတာမင်စီကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွင်းက သွေးဖြူဥအရေအတွက်ကို တိုးလာသေစပါတယ်။ သွေးဖြူဥအရေအတွက်တိုးလာတဲ့အတွက် ဖျားနာစေတဲ့ ဗိုင်းရပ်စ်တွေ ဝင်မလာအောင် တားဆီးပေးနိုင်ပါတယ်။ ဆီထရစ်ပါဝင်တဲ့အသီးတွေကတော့ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ သံပုရာသီးတွေဖြစ်ပါတယ်။

ပန်းငရုတ်ပွ

ပန်းငရုတ်ပွတွေထဲမှာမှ အနီရောင်ငရုတ်ပွက ဘီတာကယ်ရိုတင်းဓာတ်အပြင် ဗီတာမင်စီဓာတ်မြင့်မားစွာ ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို တိုးမြှင့်စေကာ ဖျားနာခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဘီတာကယ်ရိုတင်းဓာတ်ကလည်း အသားရေနဲ့ မျက်လုံးကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။

ကြက်သွန်ဖြူ

ဟင်းချက်ပြုတ်တဲ့နေရာမှာ အသုံးဝင်ဆုံးပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ကြက်သွန်ဖြူက ဟင်းလျာတွေကို အရသာကောင်း ပေးစွမ်းသလို ကျန်းမာရေးအတွက်လည်း ဂုဏ်သတ္တိများစွာ ပါဝင်ပါတယ်။ သွေးတိုးကျတာကစပြီး အစာခြေစနစ်ကို ကောင်းစေတာအပြင် အယ်လီစင် (Allicin)လို ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားနစ်ကိုလည်း တိုးမြှင့်စေပါတယ်။

ချင်း (ဂျင်း)

ချင်းက ဖျားနာခြင်းကို တိုက်ဖျက်ပေးတဲ့ အစားအစာတစ်ခုပါပဲ။ အအေးမိဖျားနာခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်တဲ့အတွက် ချင်းကို စားသုံးပေးသင့်ပါတယ်။ ဆောင်းရာသီမှာဖြစ်တတ်တဲ့ လည်ချောင်းနာခြင်းနဲ့ အခြားဖျားနာခြင်းတို့ကို သက်သာသွားစေနိုင်ပါတယ်။ ချင်းမှာ ပါဝင်တဲ့ Gingerol နဲ့ Shaogals ဓာတ်နှစ်မျိုးက ကျွန်တော်တို့လူသားတွေမှာ ဖြစ်ပွားတတ်တဲ့ ဗိုင်းရပ်စ်တွေကိုသတ်ပစ်နိုင်ပါတယ်။

ဒေါက်ခွရွက်

ဒေါက်ခွရွက်ကလည်း ဗီတာမင်စီဓာတ်၊ ဘီတာကယ်ရိုတင်းဓာတ် နဲ့ အန်တီအောက်စီဒန့်ဓာတ်တွေ မြင့်မားပါတယ်။ ဒေါက်ခွရွက်က ရောဂါဖြစ်ပွားမှုမှ တိုက်ဖျက်နိုင်အောင် ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးနိုင်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်အီးလို အဓိကအာဟာရဓာတ်များစွာ ပြည့်ဝပါတယ်။ ပန်းဂေါ်ဖီစိမ်းက အမျှင်ဓာတ်နဲ့ အန်တီအောက်စီဒန့်ဓာတ်တွေလည်း မြင့်မားပြီး တစ်နေ့တာအစေားအစာမှာ ပါဝင်သင့်တဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ဟင်းသီးဟင်းရွက်ပါပဲ။

ဒိန်ချဉ်

ဒိန်ချဉ်က ဗီတာမင်ဒီဓာတ်မြင့်မားပြီး အဆီပါဝင်မှုနည်းတဲ့ဒိန်ချဉ်မှာ ပါရှိတဲ့ ဘတ်တီးရီးယားက ရောဂါပိုးတွေကို သတ်နိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ရောဂါပိုးတွေကို သတ်ပေးတဲ့ ဘတ်တီးရီးယားကို ခန္ဓာကိုယ်က ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းအောင် လှုပ်ဆော်ပေးတဲ့ beneficial bacteria လို့ခေါ်ပါတယ်။

Ref: Foods that help in boosting immunity during winters

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top