စစ်တွေမှာ ယာယီဆေးရုံတွေပြုလုပ်ဖို့ စီစဥ်နေတယ်လို့ဆို မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ စစ်တွေသို့ ရောက်ရှိ

24-8-2020-yyl-003.jpg

ရန်ကုန် ဩဂုတ် ၂၃

စစ်တွေပြည်သူ့ဆေးရုံကြီးမှာ လူနာထားဖို့နေရာတွေကို တိုးချဲ့လုပ်ဆောင်နေတဲ့အပြင် လိုအပ်ပါကလည်း ယာယီဆေးရုံတွေ ပြုလုပ်သွားဖို့ စီစဥ◌်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြု ၂၄ ဦးလည်း ဒီနေ့မနက်မှာပဲ မြန်မာ အမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဥ◌်နဲ့ စစ်တွေမြို့ကို ရောက်ရှိသွားပြီလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကနေ သိရပါတယ်။

ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး(၁)ဦး၊ ရောဂါဗေဒအထူးကု ဆရာဝန်ကြီး(၁)ဦး၊ လက်ထောက်ဆရာဝန်(မေ့ဆေးအထူးကု၊ ဆေးပညာအထူးကု၊ ရောဂါဗေဒ၊ အဏုဇီဝဗေဒ) (၆)ဦး၊ လက်ထောက်ဆရာဝန်(၁၃)ဦး၊ သူနာပြုဆရာအုပ်ကြီး(၁)ဦး၊ အထက်တန်းသူနာပြု(၁)ဦးနဲ့ သူနာပြု(၁)ဦးတို့ ရောက်ရှိသွားတာဖြစ်ပါတယ်။

ဒါ့အပြင် သူနာပြု(၅၆)ဦးကိုလည်း ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်တာဝန်ချထားခဲ့ပြီး ဖြစ်တဲ့အပြင် ရောဂါဗေဒအထူးကုဆရာကြီး(၁)ဦးနဲ့ အဏုဇီဝဗေဒပညာရှင်(၂)ဦးကိုလည်း အင်အားဖြည့်တင်း တာဝန်ချသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ စစ်တွေဆေးရုံကြီးမှာ COVID-19 လူနာ ၁၀၀ ကျော်အထိ လက်ခံကုသနိုင်ဖို့ ပြင်ဆင် ထားပြီးတော့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုတွေကို GeneXpert စက်(၂)လုံးနဲ့ စစ်ဆေးဆောင်ရွက်ပေးနေတယ်လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုက မြန်ဆန်လျက်ရှိပြီးတော့ ဩဂုတ် ၁၆ ရက်ကနေ ၂၃ ရက်အထိ ၈ ရက်အတွင်း ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၃ ဦးတွေ့ရှိထားပါတယ်။ အဲဒီထဲက ၄၈ ဦးက စစ်တွေမြို့က ဖြစ်ပြီး ကျန် ၅ ဦးက မြောက်ဦးနဲ့ သံတွဲတို့က ဖြစ်ပါတယ်။

အခုလို မြန်မြန်ဆန်ဆန်ကူးစက်ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇပြောင်းလဲနေတဲ့ အမျိုးအစားဖြစ်နိုင်တဲ့ အတွက် ဆေးသုတေသနဦးစီးဌာနမှာ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမယ်လို့လည်း ဒေါက်တာမြင့်ထွေးက ဆိုထားပါတယ်။

Photo – MOHS

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top