နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ဒေါ်နယ်ထရမ့် တောင်းဆို

30-7-2020-yyl-009.jpg

စာတိုက်ကနေ မဲပေးမှု များပြားလာလို့ မဲမသမာမှုတွေ၊ မဲရလဒ်မတိကျမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် လာမယ့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ဒေါ်နယ်ထရမ့်က အကြံပြုခဲ့ပါတယ်။ ပြည်သူလူထုအတွက် သင့်တင့်လျှောက်ပတ်ပြီး ဘေးကင်းလုံခြုံစိတ်ချတဲ့ မဲပေးမှုမျိုး မလုပ်နိုင်မချင်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို ထောက်ခံပေးနိုင်မယ့် သက်သေအထောက်အထား မတွေ့ရသေးပါဘူး။ ဒေါ်နယ်ထရမ့်ဟာ အရင်တုန်းကလည်း စာတိုက်ကနေ မဲပေးမှုကို ဆန့်ကျင်ခဲ့ပြီး မဲမသမာမှု ဖြစ်စေနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အများပြည်သူကျန်းမာရေးစိုးရိမ်ရလို့ အမေရိကန်ပြည်နယ်တွေက စာတိုက်ကနေ မဲပေးမှုတွေ ပိုမိုလွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးဖို့ လိုလားနေပါတယ်။

အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေအရ ‌ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲကို ကိုယ့်သဘောနဲ့ကိုယ် ဆိုင်းငံ့ခွင့်မရှိပါဘူး။ ရွေးကောက်ပွဲကို ဆိုင်းငံ့ချင်ရင် လွှတ်တော်က အတည်ပြုပေးရမှာပါ။ သမ္မတက လွှတ်တော်နှစ်ရပ်ကို ကျော်လွန်ပြီး တိုက်ရိုက်ညွှန်ကြားပိုင်ခွင့်မရှိပါဘူး ” ပြည်ပနိုင်ငံတွေက မဲပေးမှုကို လွှမ်းမိုးကြလိမ့်မယ်လို့ ဒီမိုကရက်တစ်တွေက ပြောကြတယ်။ ဒါပေမဲ့ စာတိုက်ကနေ မဲပေးတာက ပြည်ပနိုင်ငံတွေအတွက် ဝင်ရောက်လွှမ်းမိုးဖို့ အလွယ်ကူဆုံးနည်းလမ်းပဲဆိုတာ သူတို့ သိပါတယ်”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top