ခိုးယူခံခဲ့ရတဲ့ တူတန်ခမန် ဦးခေါင်းပုံရုပ်တုကို ပေါင် (၄.၇) သန်းနဲ့ လေလံဆွဲ

66012804_2464425790254993_5217339100801007616_n.jpg

နှစ် ၃၀၀၀ သက်တမ်းရှိတဲ့ တူတန်ခမန် ဦးခေါင်းပုံရုပ်တုဟာ ခရစ္စတီး(Christie)လေလံပြပွဲမှာ ပေါင် (၄.၇) သန်းနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ ကလေးဘဝမှာ ဘုရင်အဖြစ် တင်မြှောက်ခံခဲ့ရတဲ့ တူတန်ခမန် ဦးခေါင်းပုံရုပ်တုကို လေလံတင်ရောင်းချမှု ဖျက်သိမ်းပေးဖို့ အစောပိုင်းမှာ အီဂျစ်နိုင်ငံက တောင်းဆိုခဲ့ပါတယ်။ တူတန်ခမန် ဦးခေါင်းပုံရုပ်တုကို ၁၉၇၀ ပြည့်နှစ်အတွင်း အီဂျစ်နိုင်ငံ ဘုရားကျောင်းထဲကနေ ခိုးထုတ်ခဲ့ဖွယ်ရှိတယ်လို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အရင်တုန်းက အဲဒီရုပ်တုကို လူမြင်ကွင်းမှာ ပြသခဲ့ပေမဲ့ အီဂျစ်နိုင်ငံက အရေးတယူလုပ်ခဲ့တာမျိုး မရှိဘူးလို့ ခရစ္စတီးလေလံကုမ္ပဏီက တုံ့ပြန်ခဲ့ပါတယ်။ အညိုရောင်သလင်းကျောက်နဲ့ ထုဆစ်ထားတဲ့ ရုပ်တုဟာ (၂၈) စင်တီမီတာ (၁၁) လက်မရှိပါတယ်။ တူတန်ခမန်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ကျော်က အသက် (၁၉) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကို ၁၉၂၂ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အီဂျစ်နိုင်ငံဟာ ၁၉၈၃ ခုနှစ်မှာ သူတို့နိုင်ငံထဲက ရှေးဟောင်းအနုပညာလက်ရာပစ္စည်းတွေ ခိုးထုတ်တာကို ပိတ်ပင်တဲ့ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top