ပုပ်ရဟန်းမင်းကြီးရဲ့ အင်စတာဂရမ်အကောင့်က ဘရာဇီးအဖော်အချွတ်မော်ဒယ်ဓာတ်ပုံကို Like လုပ်ခဲ့လို့ စုံစမ်းစစ်ဆေးနေ

20-11-2020-yyl-017.jpg

ပုပ်ရဟန်းမင်းကြီးရဲ့ တရားဝင် အင်စတာဂရမ်အကောင့်က ဘရာဇီး အဖော်အချွတ်မော်ဒယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို Like ပေးခဲ့တဲ့ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ဗာတီကန်နန်းတော်က ပြောပါတယ်။ ကျောင်းဝတ်စုံကို မလုံမခြုံ ဝတ်ထားတဲ့ ဘရာဇီးမော်ဒယ် ဂါရီဘော့တိုရဲ့ ဓာတ်ပုံကို ပုပ်ရဟန်းမင်းကြီးရဲ့ တရားဝင်အင်စတာဂရမ်အကောင့် (franciscus)က ဘယ်အချိန်မှာ Like လုပ်ခဲ့တာလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

နောက်ပိုင်းမှာ franciscus အကောင့်က ဂါရီဘော့တိုရဲ့ဓာတ်ပုံကို Unlike ပြန်လုပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့သောကြာနေ့ကစပြီး မီဒီယာတွေက ဒီသတင်းကို ဖော်ပြခဲ့ကြတာပါ။ ” ပုပ်ရဟန်းမင်းကြီးက Like လုပ်တာလားဆိုတဲ့အချက်ကို ထည့်စဉ်းစားစရာတောင် မလိုပါဘူး။ ဖြေရှင်းချက်ပေးနိုင်ဖို့ အင်စတာဂရမ်ကို မေးမြန်းထားတယ်”လို့ ဗာတီကန်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ တရားဝင် အင်စတာဂရမ်အကောင့်မှာ Follower ၇.၄ သန်းရှိပြီး ဝန်ထမ်းအဖွဲ့တစ်ဖွဲ့က အဲဒီအကောင့်ကို စီမံခန့်ခွဲပေးနေတာဖြစ်လို့ အတွင်းရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂါရီဘော့တိုကတော့ ” အနည်းဆုံးတော့ ကျွန်မ ကောင်းကင်ဘုံ ရောက်မှာပါ” လို့ တွစ်တာပေါ်မှာ အပျော်သဘော ရေးသားခဲ့ပါတယ်။ ဂါရီဘော့တိုက အင်စတာဂရမ်မှာ Follower ၂.၄ သန်း ရှိသူပါ။

Ref: BBC ” Pope Francis: Vatican investigates Brazilian model Instagram photo like”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top