အစ္စရေးရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ အော်တစ်ဇင်ရှိသူတစ်ယောက် သေဆုံး

2-6-2020-yyl-019.jpg

အစ္စရေးရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အော်တစ်ဇင်ရှိသူ ပါလက်စတိုင်းအမျိုးသားရဲ့ ဈာပနအခမ်းအနားကို လူရာချီ လိုက်လံပို့ဆောင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိတဲ့ ဟာလက်ဟာ ပြီးခဲ့တဲ့စနေနေ့က သိမ်းပိုက်ခံ အရှေ့ဂျေရုစလင်မှာ အထူး‌စောင့်ရှောက်ရေးကျောင်းကို သွားနေတုန်း ပစ်သတ်ခံရတာပါ။

ဟာလက်က လက်နက်တစ်ခုခု သယ်ဆောင်လာတယ်လို့ အစ္စရေးရဲအရာရှိတွေက သံသယရှိခဲ့ပြီး ရပ်နေဖို့ အမိန့်ပေးခဲ့ပေမဲ့ ဟာလက်က အမိန့်မလိုက်နာလို့ ပစ်ခတ်ခဲ့တာပါ။ နောက်ပိုင်းစစ်ဆေးကြည့်တော့ ဟာလက်မှာ လက်နက်မရှိတာ သိခဲ့ရပါတယ်။ ဒီပစ်ခတ်မှုအတွက် နောင်တရမိတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဘင်နီဂန့်ဇ်က ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ သိမ်းပိုက်ခံအနောက်ကမ်းပါး တစ်စိတ်တစ်ဒေသအပေါ် အစ္စရေးနိုင်ငံရဲ့ အချုပ်အခြာအာဏာ လွှမ်းမိုးစေရေး အစီအစဉ်ကို ရှေ့ဆက်အကောင်အထည်ဖော်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောခဲ့လို့ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top