၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံက လူဦးရေ နှစ်ဆ ဆင်းရဲမွဲတေမှု မြင့်တက်နိုင်

203091048_1878006892374597_2545192331978327544_n.jpg

ရန်ကုန်၊ ဇူလိုင် (၂၆)

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ကသောင်းကနင်းအခြေအနေတွေနဲ့ Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွားမှုတွေကြောင့် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၂ ခုနှစ် နှစ်အစောပိုင်းမှာ မြန်မာနိုင်ငံက လူဦးရေ နှစ်ဆ ဆင်းရဲမွဲတေမှု မြင့်တက်သွားနိုင်ခြေရှိတယ်လို့ ကမ္ဘာ့ဘဏ်က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

“အလုပ်အကိုင်တွေ၊ ဝင်ငွေတွေ ဆုံးရှုံးရတဲအပြင် ကျန်းမာရေးနဲ့ အစားအစာ ဖူလုံမှု မရှိတာတွေ ဘေးအန္တရာယ်တွေ စုပေါင်းပြီး အရင်နှစ် ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ရတဲ့ အဆင်းရဲဆုံးနဲ့ အင်အားအနည်းဆုံး ပြည်သူတွေက လူနေမှုဘ၀ သက်သာချောင်ချိရေးအတွက် အခက်အခဲကြီးစွာ ရင်ဆုင်ရပါလိမ့်မယ်” ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဌာကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အလုပ်အကိုင် တစ်သန်းခန့်ဆုံးရှုံးသွားနိုင်သလို အလုပ်သမားအများအပြားအနေနဲ့လည်း အလုပ်ချိန် (သို့မဟုတ်) လစာလျှော့ချခံရနိုင်ပြီး ဝင်ငွေလျော့ကျမှုတွေကိုလည်း တွေ့ကြုံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

“အခုနှစ် မေလနဲ့ ဇွန်လတွေမှာ ကူးသန်းသွားလာမှု ပြန်လည်ကောင်းမွန်လာခြင်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျော့ခြင်းနဲ့ တချို့သောဧရိယာတွေမှာ တည်ငြိမ်လာပေမယ့် ရှေးပြေးလက္ခဏာတွေ မြင်ခဲ့ရပေမယ့်လည်း စီးပွားရေးလုပ်ငန်းတစ်ခုလုံးအနေဆို အလွန်အမင်း အားနည်းနေဆဲဖြစ်ပြီး Covid-19 ကူးစက်ပြန်နှံ့မှု တိုးပွားလာတဲ့အတွက် ဇူလိုင်လနောက်ပိုင်းမှာ စီးပွားရေးအနေနဲ့ ဆက်လက်ကျုံ့သွားနိုင်တယ်” လိုပ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ကင်မ် အလန်အက်ဒ်ဝ်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာအရ လက်ရှိရင်ဆိုင်နေရတဲ့ လူ့အသက်တွေ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ ဆင်းရဲမွဲတေမှုနဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့ အခြေအနေတွေရှိနိုင်ပြီး ၂၀၂၁ ခုနှစ် (အောက်တိုဘာ ၂၀၂၀- စက်တင်ဘာ ၂၀၂၁) မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ၁၈ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ခန့်မှန်းရေးသားထားပါတယ်။

Photo- United Nations OCHA

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top