DXOMARK က သတ်မှတ်တဲ့ အကောင်းဆုံး နံပါတ်တစ်ဖုန်းကင်မရာဖြစ်လာတဲ့ OPPO FIND X7 Ultra ဖုန်း

18.3.24-yyl-10.jpg
  • DXOMARK ရဲ့ စမတ်ဖုန်း အမျိုးအစားထဲမှာ ပထမအဆင့်သတ်မှတ်ခံရတဲ့ FIND X7 Ultra ကင်မရာ
  • ထိပ်တန်းအဆင့်ရှိတဲ့ ဓာတ်ပုံအရည်အသွေး၊ Indoor နဲ့ Outdoor ဘယ်လိုပတ်ဝန်းကျင်မျိုးမှာမဆို ရုပ်ထွက်ကောင်းပြီး အသေးစိတ်တိကျတဲ့ ဓာတ်ပုံအရည်အသွေး၊ ထိပ်တန်း အဆင့်ရှိတဲ့ Bokeh၊ Android စမတ်ဖုန်းတိုင်းထက် ဗီဒီယိုရုပ်သံဖမ်းယူမှုအတွက် အကောင်းဆုံး အရည်အသွေးရှိတဲ့ Find X7 Ultra

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO ရဲ့ FIND X7 Ultra ဟာ စမတ်ဖုန်းတွေ အားလုံးထဲမှာ အကောင်းဆုံး Bokeh Effect နဲ့ အတူ အကောင်းဆုံးသော ဗီဒီယို ရိုက်ကူးမှုတွေအတွက် ယူဆောင်လာတဲ့ ကမ္ဘာ့အကောင်းဆုံးသော Ultra Camera အဖြစ် DXOMARK ရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပြီ ဖြစ်ပါတယ်။ Camera Hardware လောကရဲ့ ပထမဆုံး ပေါင်းစပ်မှုနဲ့အတူ အောင်မြင်လာခဲ့တဲ့ OPPO ရဲ့ အစွမ်းထက်တဲ့ HyperTone Camera စနစ် ၊ နောက်ဆုံးပေါ် Computational Photography စနစ် နဲ့ ကျွမ်းကျင် အဆင့်အထိ ဖြစ်အောင် Hasselblad Camera နဲ့ ချိန်ညှိထားတဲ့ Pro-Grade Hasselblad Tuning စတဲ့ ဒီစနစ်တွေအားလုံး ပေါင်းစပ်ထားမှုကြောင့် OPPO FIND X7 Ultra က စမတ်ဖုန်း ကင်မရာတွေအားလုံးကြားမှာ ၁၅၇ မှတ် နဲ့ အကောင်းဆုံးသော Bokeh Effect တွေ ပါဝင်တဲ့ ဖုန်း နဲ့ အကောင်းဆုံးသော ဗီဒီယို ရိုက်ကူးမှုများ ပြုလုပ်နိုင်တဲ့ ဖုန်း ကင်မရာ အဖြစ် ပထမအဆင့်အနေနဲ့ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အခြေအနေတိုင်းအတွက် ကောင်းမွန်တဲ့ ကင်မရာအတွေ့အကြုံ

OPPO FIND X7 Ultra ရဲ့ ထူးခြားအံ့ဩဖွယ်ရာ ကင်မရာစနစ်က လက်တွေ့ပြင်ပ အနေအထား နဲ့ အခြေအနေများမှာ ကမ္ဘာ့အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပြီး အမှတ်များစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေဟာ ရောနှောနေတဲ့ Artificial အလင်းရောင် နဲ့ Indoor ဓာတ်ပုံတွေကို ရိုက်ကူးဖို့ အပြင်းအထန် ကြိုးစားနေရတယ်လို့ သတင်းထွက်နေချိန်မှာ DXOMARK ရဲ့ နံပါတ်တစ် အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ OPPO FIND X7 Ultra က Indoor ၊ ညဘက် အချိန် ရိုက်ကူးမှုတွေနဲ့ မိသားစု ၊ သူငယ်ချင်းမိတ်ဆွေတွေ အစရှိတဲ့ ဘယ်လို ပုံရိပ်မျိုးကိုမဆို OPPO FIND X7 Ultra ရဲ့ အစွမ်းထက်ပြီး ဘက်စုံထူးချွန်လှတဲ့ HyperTone စနစ်က အခြေအနေအမျိုးမျိုးကို မှတ်တမ်းတင်ယူ ထားနိုင်တာကြောင့် အခုလို အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

DXOMARK ရဲ့ Image Science Engineer နဲ့ Product Owner ဖြစ်သူ Olympe Corblet က “OPPO FIND X7 Ultra ဖုန်းကင်မရာရဲ့ စွမ်းဆောင်ရည်က ကျွန်တော်တို့ရဲ့ စမ်းသပ်မှုတွေ အားလုံးထဲမှာ ထူးခြားပြီး ခြွင်းချက်မရှိတဲ့ Portrait ပုံရိုက်ကူးမှုအတွက် လုပ်ဆောင်နိုင်ခြင်း၊ အကောင်းဆုံးသော အနီးကပ်ဆွဲယူရိုက်ကူးခြင်းနဲ့ ပုံရိပ်ရော ဗီဒီယို အတွက်ပါ အသေးစိတ် ပုံဖော်ခြင်း အစရှိတဲ့ စွမ်းဆောင်ရည်တွေကြောင့် အထူးကောင်းမွန်ခဲ့တယ် ” လို့ ပြောကြားခဲ့ ပါတယ်။

Bokeh ကြောင့် ကမ္ဘာ့နံပါတ်တစ် အဆင့်အဖြစ် သတ်မှတ်ခံရတဲ့ စမတ်ဖုန်း

OPPO FIND X7 Ultra ရဲ့ Hasselblad Portrait Mode က အခြား စမတ်ဖုန်းတွေအကြား ထိုးထွက်ပြီး ထင်ရှား နေတာကြောင့် DXOMARK က အခုလို ပထမ အဆင့်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ Bokeh နဲ့ ပတ်သက်ပြီး မီးမောင်းထိုးပြရမယ်ဆိုရင် တိကျတဲ့ အနီးမြင်ကွင်း ၊ လူ နဲ့ နောက်ခံမြင်ကွင်းကို သဘာဝအကျဆုံးဖြစ်အောင် သိသိသာသာ ခွဲထုတ်ထားတဲ့အပြင် အသားအရေ အရောင်တွေကိုလဲ သက်ဆိုင်ရာအလိုက် သဘာဝဆန်စေတာကြောင့် အခြားသော ပြိုင်ဘက် Portrait Mode တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ အသေးစိတ် ပုံရိပ်တွေကအစ ပေါ်လွင်နေတာကို မြင်ရမှာ ဖြစ်ပါတယ်။

ဒီလို ကမ္ဘာ့အဆင့်မီ ထိပ်တန်း Portrait Photography ကို OPPO က Hasselblad နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Portrait Mode အသစ် နဲ့အတူ ဂန္တဝင် ဆန်တဲ့ Portrait စတိုင်ကို OPPO FIND X7 Ultra ဆီ ယူဆောင်လာတာ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဓာတ်ပုံဆရာများရဲ့ လက်ရာအတိုင်း OPPO FIND X7 Ultra ရဲ့ Portrait Mode က Focal Length အမျိုးမျိုးတွေ ဖြစ်ကြတဲ့ 23 mm , 44 mm , 65 mm , 135 mm တို့မှာ ပုံရိပ်များကို ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို Hasselblad ရဲ့ မတူညီတဲ့ Lens တွေနဲ့အတူ ချိန်ညှိထားတာဖြစ်ပြီး ရှေ့မြင်ကွင်း နဲ့ နောက်မြင်ကွင်း တို့ရဲ့ အတိမ်အနက်ပေါ်မူတည်ကာ Cinematic Bokeh ကို ထုတ်လုပ်ပေးနိုင်သလို ဆံပင်တစ်မျှင်ချင်းစီရဲ့ အသေးစိတ်ကအစ ပေါ်လွင်အောင် ဖမ်းယူနိုင်ပါသေးတယ်။

ဗီဒီယို ရိုက်ကူးမှုတွေအတွက် နံပါတ်တစ် အဆင့်အဖြစ် သတ်မှတ်ခံထားရတဲ့ OPPO FIND X7 Ultra

အခြားသော စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ OPPO FIND X7 Ultra က ဗီဒီယိုတွေ ရိုက်ကူးချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Noise ထမှုများကို သေချာစနစ်တကျ ကိုင်တွယ်ထားတဲ့ စနစ်ကြောင့် DXOMARK က ပေးအပ်တဲ့ တစ်ခုတည်းသော အကောင်းဆုံး စမတ်ဖုန်း အဖြစ် ဗီဒီယိုနဲ့ ပတ်သက်တဲ့ အမြင့်ဆုံးရမှတ် ၁၅၆ မှတ်ကို ရရှိခဲ့ရုံသာမက OPPO FIND X7 Ultra ရဲ့ အစွမ်းထက်တဲ့ ဗီဒီယို ရိုက်ကူးမှုက တီထွင်ဖန်တီးသူများနဲ့ ရုပ်ရှင်ဖန်တီးသူများအတွက် သိသာကောင်းမွန်ပြီး ထူးခြားတဲ့ ပုံရိပ်ကို ဖော်ဆောင်နိုင်တဲ့ ချန်ပီယံ၊ အားကောင်းလှတဲ့ ဗီဒီယိုရိုက်ကူးမှုကိရိယာ တစ်ခုအဖြစ် မီးမောင်းထိုး ပြသနေတာပဲ ဖြစ်ပါတယ်။ OPPO FIND X7 Ultra ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Camera Sensor တွေကြောင့် OPPO FIND X7 Ultra ဟာ 10-bit Dolby Vision HDR ဗီဒီယိုတွေကို 4K Resolution နဲ့ ရိုက်ကူး ဖမ်းယူနိုင်ပြီး ကင်မရာ‌ လေးခုလုံး အတွက်ပါ ချောမွေ့တဲ့ Seamless Transition တွေနဲ့အတူ ရိုက်ကူးနိုင်တဲ့အတွက် Pro-Grade အဆင့်ရှိတဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ ကင်မရာ အတွေ့အကြုံကို ခံစားရရှိမှာ ဖြစ်ပါတယ်။

အကောင်းဆုံး ဖုန်းကင်မရာ ဖြစ်လာတဲ့ OPPO FIND X7 Ultra

DXOMARK ရဲ့ ရှာဖွေတွေ့ရှိချက်များအရ OPPO FIND X7 Ultra ဖုန်းကင်မရာဟာ အကောင်းဆုံး ဖုန်းကင်မရာ နဲ့ Ultimate Camera Phone ဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ကြီးမားတဲ့ Camera Sensor တွေ ပါဝင်တဲ့ 50MP ကင်မရာလေးလုံးအနက် တစ်လုံးက SONY ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ 1-inch Mobile Sensor ဖြစ်ပြီး နောက် နှစ်လုံးဟာဆိုရင် စမတ်ဖုန်းတွေမှာ ဘယ်တော့မှ တွေ့ရလေ့မရှိတဲ့ Optical Focal Length တွေမှ တဆင့် ပိုပြီး အားကောင်းတဲ့ လုပ်ဆောင်ချက် ကို ဖော်ဆောင်ပေးနိုင်တဲ့ Periscope Zoom Camera တွေ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့အဆင့်အတန်းမီ ပုံရိပ်ဖော်စနစ်က ကမ္ဘာ့အကောင်းဆုံးသော ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးမှုအတွေ့အကြုံတွေကို ခံစားသိရှိစေနိုင်တာကြောင့် အသုံးပြုသူတွေအနေနဲ့လဲ အပြိုင်အဆိုင်ကင်မရာတွေထဲက ထူးခြားလှတဲ့ ဂန္တဝင်မြောက် လက်ရာကို ယုံကြည်ချက်ရှိရှိနဲ့ ပုံဖော်ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

OPPO FIND X7 Ultra က DXOMARK ရဲ့ သတ်မှတ်တဲ့ ကမ္ဘာ့အကောင်းဆုံး ဖုန်းကင်မရာအဖြစ် သတ်မှတ်ခံရတာကြောင့် OPPO ရဲ့ နောက်ထပ် ထွက်ရှိလာမဲ့ နည်းပညာအသစ်များစွာအတွက်လဲ အရင်ထက် အဆမတန် ပိုပြီး ကြိုးစားလျက် ရှိနေပါတယ်။

OPPOFINDX7ULTRA #UltimateCameraPhone

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top