မင်းသားလို့ မခေါ်ဘဲ ဟယ်ရီလို့သာခေါ်ဖို့ တောင်းဆိုလိုက်တဲ့ မင်းသားဟယ်ရီ

yyl-013-13.jpg

မင်းသားဟယ်ရီနဲ့သူ့ဇနီးမီဂန်မာကယ်တို့ဟာ ဗြိတိန်တော်ဝင်အမျိုးအနွယ်ကနေ နှုတ်ထွက်မယ်လို့ကြေညာခဲ့တာ အခုဆိုရင် တစ်လရှိသွားပါပြီ။ သူတို့ဟာ ကနေဒါကို ပြောင်းရွေ့ခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ အရပ်သားအနေနဲ့ လိုက်လျောညီထွေအောင် နေတတ်ကြပါတယ်။ ပြီးခဲ့တဲ့အပတ်က ဆိုင်တစ်ခုမှာ ဆန်းဝှစ်ဝယ်ယူရင်း ဟယ်ရီပြုံးပျော်နေတာကို တွေ့ခဲ့ရတယ်လို့ သတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

တော်ဝင်အမျိုးအနွယ်ကနေ နှုတ်ထွက်ပြီး လွတ်လပ်ပျော်ရွှင်မှုနဲ့အတူ ဟယ်ရီရဲ့စတိုင်ကလည်း အပြောင်းအလဲဖြစ်သွားခဲ့ပါတယ်။ အရင်ကတော့ ဟယ်ရီက တော်ဝင်မျိုးနွယ်နဲ့တူအောင် ဝတ်စားခဲ့ရပြီး အခုတော့ ထသွားထလာ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေကို ဝတ်ဆင်နေရပါပြီ။ ပြီးခဲ့တဲ့အင်္ဂါနေ့ညနေခင်းမှာ ဂျင်းဘောင်းဘီ၊ ဘေ့စ်ဘောဦးထုပ်၊ အနက်ရောင်ဂျာကင်တွေကို ဝတ်ဆင်ပြီး စကော့တလန်ရဲ့ Waverly Station ကို ဟယ်ရီရောက်ရှိလာခဲ့ပါတယ်။ ဟယ်ရီဟာ သာမန်အရပ်သားလို သူ့ရဲ့ခရီးဆောင်အိတ်ကို သယ်ဆောင်လာတာကို မြင်တွေ့ရတာက တအံ့တသြဖြစ်စေခဲ့ပါတယ်။ ဟယ်ရီက တော်ဝင်အမျိုးအနွယ်တာဝန်ကို နောက်ဆုံးအနေနဲ့ ထမ်းဆောင်ဖို့အတွက် UK ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံတဲ့ပွဲတစ်ခုမှာ ဟယ်ရီက အစီအစဉ်တင်ဆက်သူကို မင်းသားလို့မခေါ်ဘဲ ဟယ်ရီလို့သာခေါ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအစီအစဉ်တင်ဆက်သူကလည်း လူအုပ်ကြီးကို အဲဒီလိုလုပ်ပေးဖို့ ပြောခဲ့ပါတယ်။ ဟယ်ရီက သူ့ရဲ့မွေးရပ်မြေမှာ လုပ်စရာအလုပ်တွေအများကြီးရှိနေပါတယ်။ အရင်ဆုံး သူက Travalyst အတွက် ထိပ်သီးတွေ့ဆုံပွဲမှာ မိန့်ခွန်းပြောကြားရပြီး အဲဒီနောက်မှာတော့ Jon Bon Jovi နဲ့ အသံသွင်းစရာရှိနေပါတယ်။ ဟယ်ရီ UK ရောက်နေချိန်မှာ မီဂန်မာကယ်က လန်ဒန်မှာ သူ့ကိုယ်ရေးကိုယ်တာအလုပ်ကိစ္စတွေရှိနေပါတယ်။

ဟယ်ရီနဲ့မီဂန်တို့က တော်ဝင်မိသားစုကနေ နှုတ်ထွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့အတွက် လအတော်ကြာစဉ်းစားဆွေးနွေးခဲ့ကြတာပါ။ ဒီဆုံးဖြတ်ချက်ကို (၆) ပတ်တာ ကနေဒါခရီးစဉ်က ပြန်လာပြီးနောက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ (၃) လပိုင်းအကုန်မှာ မီဂန်နဲ့ ဟယ်ရီက ဗြိတိန်တော်ဝင်မိသားစုကနေ အပြီးအပိုင်နှုတ်ထွက်ရတော့မှာဖြစ်ပါတယ်။

Ref: Prince Harry requested fans to just call him ‘Harry’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top