တောင်ကိုရီးယားရဲ့ နာမည်ကြီး A World of Married Couple ဇာတ်လမ်းတွဲဟာ လက်ရှိ Viu မှာ လူကြည့်အများဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်လာ

Wold-of-Married.jpg

A World of Married Couple ဇာတ်လမ်းတွဲဟာ Viu မှာ စတင်ထုတ်လွှင့်ပြီး ကြည့်ရှုနှုန်းမှာ တစ်ပတ်ထက်တစ်ပတ် စံချိန်တင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားရဲ့ အပိုင်းသစ်များကို တောင်ကိုရီးယားမှာ ထုတ်လွှင့်ပြသပြီး ၈ နာရီအကြာမှာ မြန်မာစာတန်းထိုးဖြင့် Viu မှာ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ တီဗွီဇာတ်လမ်းတွဲ သမိုင်းတစ်လျှောက်မှာ တတိယနေရာ ရရှိခဲ့တဲ့ အဲဒီဇာတ်ကားက Doctor Foster ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားခြင်းဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်၊ သရုပ်ဆောင်၊ ရိုက်ကူးပြသမှုများကြောင့် ပရိတ်သတ်များ အလွန်အကြိုက်တွေ့ခဲ့ခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းမှာ အောင်မြင်ကျော်ကြားတဲ့ ဆရာဝန် Kim Hee-ae က သူမရဲ့ ခင်ပွန်း ဖောက်ပြန်မှုများကို တုန်လှုပ်ဖွယ် ကြုံတွေ့ခဲ့ရပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားခြင်းဖြစ်ပါတယ်။

A World of Married Couple ဇာတ်လမ်းတွဲကို JTBC မှ ရိုက်ကူးထားပြီး လက်ရှိ အာရှမှာ Viu တစ်ခုတည်းတွင်သာ သီးသန့်ထုတ်လွှင့်ခွင့်ပြုထားပါတယ်။ ဇာတ်ကားစတင်ထုတ်လွှင့်ပြသတဲ့ မတ်လ ၂၇ ရက်မှစပြီး အာရှတစ်ဝှမ်းရှိ Viu အသုံးပြုသူ ၅၅% ကျော်ကဒီဇာတ်လမ်းတွဲကို အလွန်ကြိုက်နှစ်သက်စွဲလမ်းခဲ့ကြပါတယ်။

Nielsen Korea ရဲ့မှတ်တမ်းများအရ A World of Married Couple ဇာတ်လမ်းတွဲရဲ့ပထမပိုင်းကို ကြည့်ရှုသူ ၆.၂၆% ရှိခဲ့ပြီး အခြား JTBC ဇာတ်လမ်းတွဲများရဲ့ ပထမပိုင်း ကြည့်ရှုနှုန်းများထက် များစွာကျော်လွန်ခဲ့ပါတယ်။ မကြာသေးမီက ထွက်ရှိခဲ့ပြီး လူကြိုက်များကျော်ကြားခဲ့သော Itaewon Class ဇာတ်လမ်းတွဲကို ကြည့်ရှုနှုန်းသက ၄.၉၈% ရှိခဲ့ပြီး အဲဒီထက်ပင် ၂၀% ပိုမိုကြည့်ရှုခဲ့ကြသည်ကို တွေ့ရှိခဲ့ရပါတယ်။

A World of Married Couple က တစ်ပတ်ထက်တစ်ပတ် Itaewon Class ဇာတ်လမ်းတွဲထက် ကြည့်ရှုနှုန်း ပိုမိုမြင့်တက်လျှက်ရှိပြီး JTBC ရဲ့ သမိုင်းတစ်လျှောက်မှာ လူကြည့်အလွန်များပြားသော ဇာတ်လမ်းတွဲတစ်ခုဖြစ်လာခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top