မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် မသေဆုံးကြောင်း တောင်ကိုရီယားနိုင်ငံရေးအကြံပေး ပြော

27-4-2020-yyl-011.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှလုံးခွဲစိပ်ကုသမှုခံယူပြီးနောက် မသက်သာဘဲ သေဆုံးခဲ့တယ်ဆိုတဲ့ လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံံ့နေတဲ့ ကောလဟာလသတင်းကို တောင်ကိုရီးယားနိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီက ကင်ဂျုံအန် မသေဆုံးကြောင်း အတည်ပြုလိုက်ပါပြီ။

“ကျွန်တော်တို့အစိုးရရာထူးက မြဲပါတယ်။ ကင်ဂျုံအန်က မသေဆုံးပါဘူး။ နေကောင်းနေပါတယ်။ သူက ဧပြီ ၁၃ ရက်နေ့ကတည်းက ဝန်ဆန်မှာ နေထိုင်နေခဲ့ပါတယ်။ ဘယ်လိုသံသယဖြစ်စရာလှုပ်ရှားမှုမျိုးမှ ထောက်လှမ်းခဲ့မိခြင်းမရှိပါဘူး” လို့ တောင်ကိုရီယားသမ္မတ မွန်ဂျေအင်းရဲ့နိုင်ငံရေးအကြံပေး မွန်ချွန်အင်းက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ ဆေးလိပ်အသောက်များတာ၊ အဝလွန်တာနဲ့ အလုပ်လုပ်လွန်းတာတွေကြောင့် နှလုံးဆိုင်ရာခွဲစိပ်ကုသမှုခံယူခဲ့ပါတယ်။ အဲဒီလိုခွဲစိပ်ကုသမှုခံယူပြီးတဲ့နောက်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ကင်ဂျုံအန် ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူ့ကို ကျန်းမာရေးအဖွဲ့က စောင့်ရှောက်နေတယ်လို့လည်း သတင်းထွက်ရှိထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံသို့ ဧပြီလ ၂၃ ရက်နေ့က ကင်ဂျုံအန်အတွက် ဆရာဝန်အဖွဲ့ကို စေလွှတ်ခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုထားခြင်းမရှိပါဘူး။

ဒါပေမဲ့ ဂြိုလ်တုနဲ့ရိုက်ထားတဲ့ပုံတွေကတော့ ကင်ဂျုံအန်ရဲ့နေထိုင်ရာအဆောက်အဦးနားက ရထားဘူတာမှာသူ့ရဲ့ ကိုယ်ပိုင်ရထားကို ရက်တော်တော်ကြား ရပ်တန့်ထားတာကို ပြနေပါတယ်။ ဝါရှင်တန်က မြောက်ကိုရီးယားကို စောင့်ကြည့်နေတဲ့ 38 North က သုံးသပ်ထားတဲ့ပုံတွေကလည်း ရထားက leadership station မှာ ဧပြီလ ၂၁ ရက်နေ့ကတည်းက ရပ်နားထားတယ်ဆိုတာကို ပြနေပါတယ်။ အဲဒီရထားက ဧပြီလ (၁၅) ရက်နေ့မှာမရှိဘဲ ဧပြီ ၂၁ ရက်နဲ့ ဧပြီ ၂၃ ရက်တွေမှာ တွေ့မြင်ခဲ့ရတယ်လို့ 38 North က ဆိုပါတယ်။ ရထားရှိနေတာက မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သက်သေမပြနိုင်ပေမဲ့ သူ့ရဲ့အိမ်မှာ ရှိနေတယ်ဆိုတာကိုတော့ ပြောလို့ရနိုင်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးအေဂျင်စီကလည်း မြောက်ကိုရီးယားမှာ မူမမှန်တဲ့စစ်ရေးလှုပ်ရှားမှုတွေ မတွေ့ရကြောင်းနဲ့ အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေကြောင်း ဆိုပါတယ်။

မြောက်ကိုရီးယားက တချို့လူတွေကလည်း ကင်ဂျုံအန်ရဲ့ ကောလဟာလနဲ့ပတ်သက်ပြီး သဘောမတူကြပါဘူး။ မြောက်ကိုရီးယားနိုင်ငံသားဟောင်း ဂျီဆောင်ဟိုကတော့ မြောက်ကိုရီးယားအတွင်းက source တစ်ခုဟာ ကင်ဂျုံအန် အပြင်းအထန်နေမကောင်းဖြစ်နေတယ်လို့ အတည်ပြုခဲ့တယ်လို့ ပြောခဲ့ပေမဲ့ မြောက်ကိုရီးယားသံတမန် Thae Yong Ho က ကင်ဂျုံအန်ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ “ခေါင်းဆောင်ရဲ့အခြေအနေကို လျှို့ဝှက်တင်းကြပ်ထားပါတယ်။ ဒါကြောင့် အသေးစိတ်ကို လူအနည်းငယ်သာ သိပါတယ်။ နယ်စပ်တွေကို ပျံ့နှံ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ သူကပြောပါတယ်။

Ref: Kim Jong Un alive, South Korea says

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top