AAT သည် မြန်မာနိုင်ငံရှိ စာရင်းကိုင်ပညာရှင်များ ဖွံဖြိုးတိုးတက်ရေးအတွက် ကတိကဝတ်အား ထပ်လောင်းအတည်ပြုသည့် အနေဖြင့် အာရှပစိဖိတ် ခေါင်းဆောင်အသစ်အား ခန့်အပ်

yyl-021-13.jpg

စာရင်းကိုင်ပညာရှင်များအတွက် ကမ္ဘာ့ဦးဆောင် လုပ်ငန်းခွင်ဝင် အထောက်အကူပြု အဖွဲ့အစည်းတစ်ခုဖြစ်၍ ကမ္ဘာတစ်ဝှမ်း အသင်းဝင်ပေါင်း ၁၃၀,၀၀၀ ကျော်ရှိပြီး အာဆီယံ စာရင်းကိုင် အဖွဲ့ချုပ် (AFA) ၏ အသင်းဝင်လည်းဖြစ်သော စာရင်းကိုင်ပညာရှင်များအသင်း (AAT) မှ မြန်မာနိုင်ငံရှိ အခြေခံနှင့် အလယ်အလတ်အဆင့်ရှိ စာရင်းကိုင်များနှင့် စာရင်းကိုင်ပညာရှင်များ၏ ဖွံဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလျက်ရှိသည်။

အဆိုပါ ကတိကဝတ်အား လွယ်ကူချောမွေ့စေရန် မကြာသေးမီကလည်း AAT မှ အာရှပစိဖိတ်၏ ဒေသဆိုင်ရာ အပြည်ပြည်ဆိုင်ရာ မန်နေဂျာအဖြစ် Des Cutchey ကိုခန့်အပ်ခဲ့သည်။ Des ၏ လုပ်ငန်းတာဝန်များတွင် အာရှပစိဖိတ်ဒေသများဖြစ်သော မြန်မာ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ရှိ စာရင်းကိုင်ပညာရှင်များ၏ ဖွံဖြိုးတိုးတက်မှုကို ဦးဆောင် ဆောင်ရွက်သွားမည့် ကဏ္ဍများ ပါဝင်သည်။ သူသည် Conventry University ရှိ AAT တွင် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဋ္ဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗြိတိန်နိုင်ငံအပါအဝင် ကမ္ဘာအနှံ့အပြားရှိ ကျောင်းသားများ ခေါ်ယူစုဆောင်းရသည့် အဖွဲ့ကို ဦးဆောင်တာဝန်ယူခဲ့ရသည်။ ယခင်က သူသည် အရှေ့အလယ်ပိုင်းနှင့် အာရှတခွင်ရှိ ကျောင်းသားများစုဆောင်းမှုဋ္ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံ တို့တွင်လည်း နေထိုင်ခဲ့ဖူးသည်။

AAT မှ ၎င်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စာရင်းကိုင်အရည်အချင်း ဘာသာရပ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး AAT အတည်ပြု လေ့ကျင့်ရေးစင်တာဖြစ်သော စီမံခန့်ခွဲရေးနှင့် စာရင်းကိုင်ဆိုင်ရာကျောင်း (MAS Education) တွင် ၂၀၁၆ ခုနှစ်က ဦးစွာ မိတ်ဆက်သင်ကြားပေးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်မူ AAT သည် ပိုမိုကျယ်ပြန့်လာပြီး သင်ယူလေ့လာသူများအနေနှင့် နိုင်ငံတကာအသိအမှတ်ပြု စာရင်းကိုင်အရည်အချင်း ဘာသာရပ်များကို ထပ်မံသင်ယူနိုင်မည့် အခွင့်အလမ်း ဖြစ်သည့် Local pricing model ဘာသာရပ်တစ်ရပ်ကို ထပ်မံမိတ်ဆက်ပေးခဲ့သည်။

Myanmar-specific pricing structure အား စတင်မိတ်ဆက်စဉ်ကတည်းက AAT သည် မြန်မာနိုင်ငံအတွင်းရှိ ကျောင်းသားအယောက် ၁,၀၀၀ နီးပါးနှင့်အတူ ပူးပေါင်း၍ အလုပ်ရှင်များအား အဓိကစာရင်းကိုင်စွမ်းရည်နှင့် ပြည့်စုံပြီး အရည်အချင်းရှိသည့် တစ်ဦးတစ်ယောက်ချင်းစီကို ခေါ်ယူစုဆောင်းသည့်နေရာတွင် ကူညီပံ့ပိုးပေးလျက်ရှိသည်။ AAT သည် စာရင်းကိုင် အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး နှင့် မြန်မာ့စီးပွားရေး ဖွံဖြိုးတိုးတက်မှု ကဏ္ဍများကိုလည်း ဆက်လက်ပံံ့ပိုးပေးလျက် ရှိသည်။ ၂၀၁၉ ခုနှစ် မတ်လတွင် AAT နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (MICPA) တို့မှ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနားလည်မှုစာချွန်လွှာအရ AAT နှင့် MICPA တို့မှ ပူးပေါင်းပြီး လိုအပ်ချက်နှင့် ကိုက်ညီ၍ လက်တွေ့ဆန်သော စာရင်းအင်းပညာရှင် စွမ်းရည်များအား မြန်မာနိုင်ငံတွင် ဖြန့်ဝေပေးရန်နှင့် တိုင်းပြည်အတွင်းရှိ စာရင်းကိုင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများပြားလာစေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

Des မှ “ကျွန်တော့်အနေနဲ့ အခုလိုမျိုး AAT ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် တကယ်ဂုဏ်ယူမိပါတယ်။ AAT ရဲ့ ကျွမ်းကျင်မှုနဲ့ စာရင်းကိုင်နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ၊ သင်တန်းနဲ့ အကဲဖြတ်မှုတွေဟာ နိုင်ငံတကာ အသိအမှတ်ပြုခံထားရပြီး ကျွန်တော်တို့ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုအတွက် သိသာထင်ရှားတဲ့ အခွင့်အရေးတွေ ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးဟာလည်း လာမယ့် ၃ နှစ်အတွင်း နှစ်စဉ် ၇.၁% ရာခိုင်နှုန်းနဲ့ တိုးတက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာလည်း ရှိတော့ ဒီခန့်မှန်းချက်အရဆိုရင် ဒေသဆိုင်ရာစာရင်းကိုင်ပညာရှင်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ဖို့က တကယ်ကို အရေးပါပါတယ်။ MICPA နဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးလိုက်ခြင်းဟာလည်း ဒါတွေလုပ်ဖို့ ကူညီပေးနိုင်မှာ ဖြစ်သလို AAT က သူတို့ အသင်းဝင်တွေအတွက် ဘယ်လိုအကျိုးရှိမယ်ဆိုတာတွေနဲ့အတူ ကျွန်တော်တို့ရဲ့ သင်တန်းမိတ်ဖက်တွေ ကနေတစ်ဆင့် ကျောင်းသားတွေကို ခေါ်ယူစုဆောင်းပြီး မြန်မာနိုင်ငံက သင်တန်းပေးသူ အရေအတွက်ကို တိုးချဲ့ဖို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အလုပ်ရှင်တွေနဲ့ ဒေသခံအဖွဲ့အစည်းတွေကြား ချိတ်ဆက်ပေးတဲ့ နေရာမှာလည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top